ဖားအံအစိုးရ နည်းပညာအထက်တန်းကျောင်းအုပ် ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံရ

ဖားအံအစိုးရ နည်းပညာအထက်တန်းကျောင်းအုပ် ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံရ

အစိုးရနည်းပညာ အထက်တန်းကျောင်း GTHS (ဘားအံ)တွင် ယနေ့ပြုလုပ်သည့် Red Ribbon Campaign နှင့်ပတ်သက်ပြီး အာဏာပိုင်များ၏ ခေါ်ယူမေးမြန်းခြင်းခံရသည့် ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်ချိုယုမွန်အ နေဖြင့် ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်နှင့်နီးစပ်သူများထံမှသိရသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်ချိုယုမွန်ကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ၃ နာရီခွဲ အချိန်ခန့်က ဖား အံမြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အဖွဲ့မှ ၎င်းနေထိုင်သည့် နေအိမ်တွင် လာရောက်ခေါ်ယူသွားခြင်းဖြစ်သည်ဟု သိရသည်။

“ ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ခေါ်ယူမေးမြန်းစရာလေးရှိလို့ပါဆိုပြီးလာခေါ်တာ၊ အစကထင်တာ ပြည်နယ်အစိုးရအဖွဲ့ရုံးကိုခေါ်တယ်ထင်တာ။ အဲလိုမဟုတ်ဘဲ ဈေးရှေ့က မြို့မရဲစခန်းကိုခေါ်တွေ့ဖို့ ခေါ်သွား တော့ကျနော်တို့ စောင့်နေတာပေါ့။ စောင့်နေတုန်းမှာပဲ တရားရုံးကိုခေါ်သွားတယ်။ အဲဒီမှာချက်ချင်းပဲ ၅၀၅ (ခ)နဲ့ တရားစွဲတယ်ဆိုပြီး ဖားအံအကျဉ်းထောင်ကို တန်းပို့လိုက်တာဗျ” ဟု ကေအိုင်စီသို့ပြောသည်။

လတ်တလောအနေဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်ချိုယုမွန်ကို ဖားအံမြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှုဖွင့်ထားသည်ဟုသာသိရပြီးမည်သည့်အတွက်ကြောင့် ယခုလိုအမှုဖွင့်ခံထားရသည်ကို သေချာစွာ မသိရှိရ သေးသော်လည်း ယနေ့ကျောင်းတွင်ပြုလုပ်သည့် Red Ribbon Campaign နှင့်ပတ်သက်နိုင် ခြေရှိသည်ဟု လည်း နီးစပ်သူများက ပြောဆိုသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)မှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျုးလွန်ချင်လာအောင် အများပြည်သူကို သော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် နှစ်နှစ်အထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်သည်။

စစ်တပ်အာဏာသိမ်းလိုက်သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် နည်းပညာတက္ကသိုလ်(ဖားအံ) ဆရာများ သမဂ္ဂမှလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ ရက်စွဲဖြင့် သဘောထားတစ်စောင် ထုတ်ပြန်ကန့်ကွက်မှု များရှိခဲ့သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...