မုဒုံမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို စစ်အုပ်စုက ဖယ်ရှား

မုဒုံမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို စစ်အုပ်စုက ဖယ်ရှား
ဓါတ်ပုံ - CJ
ဓါတ်ပုံ - CJ

မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်လက်အောက်ခံ အာဏာပိုင်များက ဖယ်ရှားလိုက်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ ညဦးပိုင်းက စစ်အုပ်စု လက်အောက်ခံများသည် လုံခြုံရေး အင်အားအလုံးအရင်း အသုံးပြုကာ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို လာရောက်ဖယ်ရှားသွားခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ညပိုင်းမှာ သူတို့ လာဖြုတ်သွားတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့က သတင်းဖြန့်ထားတာက ကြေးရုပ် ခိုးခံထိသွားတာပေါ့၊ အဲဒီလိုပုံစံမျိုးနဲ့ သတင်းဖြန့်တယ်။ ဒါကတော့ ကျနော်တို့ ဘယ်လိုပြောရမလဲ ဆိုတော့ ဗိုလ်ချုပ်ကြေးရုပ် ထားတုန်းကဆိုလည်း ဒီလူငယ်ပိုင်းတွေပေါ့၊ စိတ်ဓာတ်အတုယူရအောင်ဆိုပြီးတော့ ထားထားတာ။ အခု မရှိတဲ့အခါကျတော့ နောင်လာနောက်သားတွေ ဗိုလ်ချုပ်ကို မေ့လောက်သွားတဲ့အထိ ဖြစ်နိုင်တာပေါ့” ဟု သံလွင်တိုင်းမ်သို့ ပြောသည်။

စစ်တပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို မုဒုံမြို့နယ်အပါအဝင် အခြားဒေသများ၌ပါ ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားနေခြင်းမှာ သမိုင်းဖျောက်ဖျက်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မုဒုံမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ ရုပ်တုသည် အမြင့် ၉ ပေ၊ ကြေးပိဿာချိန် ၃၃၀ ရှိပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၅၀ နီးပါး အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်သည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်အများစု၌ ပြီးခဲ့သည့် NLD အစိုးရလက်ထက်က တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို ဖယ်ရှားရှင်းလင်းမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...