အာဏာသိမ်းမှုကို ဟုမ္မလင်းပြည်သူများ ကန့်ကွက်ဆန္ဒပြ

အာဏာသိမ်းမှုကို ဟုမ္မလင်းပြည်သူများ ကန့်ကွက်ဆန္ဒပြ

စစ်အာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ပြည်သူတစ်ထောင်ကျော် ဆန္ဒဖော်ထုတ်မှု ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန္ဒပြသူများအနေဖြင့် “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ ဒီမိုကရေစီရှင်သန်ရေး၊ အမေစုနှင့် ဖမ်းစီးခံခေါင်းဆောင်များ ချက်ခြင်းလွှတ်၊ စစ်အာဏာရှင်ကိုဆန့်ကျင့်ကြ” ဟူ၍ ကြွေးကြော်သံများဖြင့် မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြည်သူများ လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်မှုအပြင် ဟုမ္မလင်းမြို့အတွင်းရှိ ပညာရေး၀န်ထမ်းများ၊ ကျမ်းမာရေး၀န်ထမ်းများအပါအ၀င် အစိုးရ၀န်ထမ်းအများစုကလည်း Civil Disobedience Movement လှုပ်ရှားမှုများ ပြုလုပ်နေကြကြောင်းသိရသည်။

တပ်မတော်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများနှင့် မြန်မာနိုင်ငံမြို့အများအပြားတွင် အကြမ်းမဖက် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိပြီး တပ်မတော်ဘက်က ဖြိုခွဲမှုမလုပ်ဆောင်သေးကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...