နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ မှာ ပါဝင်နေတဲ့ KySDP ပါတီ ဒုဥက္ကဌကို ပါတီမှ ထုတ်ပယ်

နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ မှာ ပါဝင်နေတဲ့ KySDP ပါတီ ဒုဥက္ကဌကို ပါတီမှ ထုတ်ပယ်

ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တပ်မတော်က ထပ်မံ ခန့် အပ်လိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဒု ဥက္ကဌ ဦးစောဒယ်နီယယ်ကို ပါတီ ကနေထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ ပါတီရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ ဦးသဲရယ်ကပြောပါတယ်။

“ကျနော် တို့ကလည်း သူ့ရဲ့ သဘောဆန္ဒအလျောက်ဖြစ်တဲ့ ခါကျတော့ ကျနော်တို့ကလည်း ပါတီကနေ ထုတ်ပယ် လိုက်ပြီပေါ့နော။ ကျနောတို့ပါတီနဲ့ လုံးဝမဆိုင်တော့ဘူး။ သူ့ရဲ့ ဘာပဲလုပ်လုပ်ပေါ့။ ဘာပဲ ဖြစ်နေဖြစ်နေပေါ့။ ဒါ သူ့ရဲ့ သဘောဆန္ဒအတိုင်းပဲ ဖြစ်တယ်။ ကျနောတို့ ပါတီနဲ့ လုံးဝမဆိုင်တော့ဘူး။“ လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ်ကပြောပါတယ်။

ဖေဖော်ဝါရီလ ၄ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ ထုတ်ပြန်ကြေငြာချက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်နေတာနဲ့ပါတ်သက်ပြီ ပါတီတာဝန်ရှိသူတွေကနေ ဦးစောဒယ်နီယယ်ကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၎င်းက မိမိသဘောဆန္ဒ အလျောက် ပါဝင်တာဖြစ်ကြောင်း ပြောဆိုလာတဲ့အတွက် ပါတီကနေထုတ်ပယ်လိုက်ကြောင်း ဦးသဲရယ်ကပြောပါတယ်။

“ကျနော်တို့ကို အားပေးထောက်ခံခဲ့တဲ့ ပြည်သူလူထုတွေကလည်း ကျနောတို့ပါတီအပေါ်ကိုလည်း တစ်မျိုး မမြင်ကြဖို့ကိုလည်း ကျနော့အနေနဲ့ ဒီ မီဒီယာကနေပဲ တောင်းဆိုပါတယ်။ ကျနောတို့ရဲ့ စီမံခန့်ခွဲမှု ချော်လွဲမှု တစ်ချို့တွေ ကြောင့်လည်း ဒီလို ဖြစ်သွားတယ်လို့ ကျနော်တို့ ကတော့ ဝန်ခံတာပေါ့နော။ ကျနော်တို့ ပြည်သူလူထုကို တောင်းပန်တယ်ဆိုတဲ့ အကြောင်းလည်း ပြောချင်ပါတယ်။” လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ်ကပြောပါတယ်။

ဦးစောဒယ်နီယယ်ဟာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့ ဒု ဥက္ကဌ (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သလို မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဖားဆောင်းမြို့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

ဦးစောဒယ်နီယယ်ကတော့ BA(Psychology) ဘွဲ့ရရှိထားသူဖြစ်ပြီး လွိုင်ကော်မြို့၊ ထူဒူငံသ ကျေးရွာမှာ နေထိုင်ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...