ဘဏ်တွင် ငွေထုတ်သူများပြားနေဆဲ၊ အကန့်အသတ်ဖြင့် ထုတ်ပေးသည့်စနစ် ကျင့်သုံး

ဘဏ်တွင် ငွေထုတ်သူများပြားနေဆဲ၊ အကန့်အသတ်ဖြင့် ထုတ်ပေးသည့်စနစ် ကျင့်သုံး

မြစ်ကြီးနားမြို့ပေါ်ကဘဏ်များတွင် ငွေများကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေကြောင်း သိရသည်။

 

ငွေလာရောက်ထုတ်ယူသူ များပြားလာခြင်းကြောင့် ကမ္ဘောဇဘဏ်တွင် ဘဏ်စာအုပ်ဖြင့်ထုတ်လျှင် ကျပ်သိန်း ၅၀၊ ATM စက်နှင့် Kpay တို့ဖြင့် ထုတ်မည်ဆိုပါက ကျပ် ၁၀ သိန်း၊ ဧရာဝတီဘဏ်တွင် စာအုပ်ဖြင့် ထုတ်မည်ဆိုလျှင် ကျပ် ၁၀ သိန်း၊ ATM စက်ဖြင့်ဆိုပါက ကျပ် လေးသိန်း၊ ရိုးမဘဏ်၌ စာအုပ်ဖြင့် ကျပ်သိန်း ၅၀၊ ATM စက်မှ ထုတ်မည်ဆိုပါက ကျပ် သိန်း ၂၀ စသဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

မြန်မာ့စီးပွားရေးဘဏ်တွင် ကန့်သတ်ထားခြင်းမရှိသည့်အပြင် ယနေ့မှာတော့ ငွေထုတ်သူများထက် ငွေသွင်းသူပိုများနေကြောင်း သိရသည်။

 

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ပြည်သူများက ၎င်းတို့ပိုင်ငွေကြေးကို စိုးရိမ်မူများရလာပြီး စားသောက်ကုန်များသိုလှောင်ရန်နှင့် ငွေကြေးထက်ပိုခိုင်မာသည့် ရွှေများတွင် ရင်းနှီးမြှုပ်နှံရန် ထုတ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...