ဝန်ကြီးအိမ်ယာမှ နေထိုင်သူအချို့အစားအသောက်ပြတ်လပ်နေဟုဆို

ဝန်ကြီးအိမ်ယာမှ နေထိုင်သူအချို့အစားအသောက်ပြတ်လပ်နေဟုဆို

Salai Shing Mang — ဝန်ကြီးအိမ်ယာမှာနေထိုင်တဲ့ ဝန်ကြီးတစ်ချို့ အိမ်မှာ အစားအသောက်ပြတ်လပ်နေပြီ ဖြစ်တဲ့အတွက် လူမှုရေးဝန်ကြီးက အပြင်ထွက်ခွင့် ကဒ်လုပ်ပေးဖို့တောင်းဆိုထားကြောင်းသိရသည်။

လက်ရှိအထိန်းသိမ်းခံထားရသည့် ဝန်ကြီးဦးဖွေအား မိသားစုသည် လုံးဝအစားအသောက်ပြတ်လပ်နေပြီး စားစရာများဝယ်ယူရန်လိုအပ်နေကြောင်း လူမှုရေးဝန်ကြီး ထံမှ သိရသည်။

ဖေဖော်ဝါရီ ၅ရက်နေ့တွင် ဝန်ကြီးများအားလုံး အိမ်ယာမှ ထွက်ခွာရန်ဖြစ်ပြီး ပစ္စည်းများထုတ်ပိုးထားလျက်ရှိကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ၄င်းနှင့်အတူအထိန်းသိမ်းခံရသော ချင်းပြည်နယ်၀န်ကြီးချုပ်နှင့်စည်ပင်၀န်ကြီးတို့မှာလွတ်မြောက်ပြီဖြစ်ပြီး ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဝန်ကြီး ဦးဖွေးအားတို့အား လက်ရှိချိန်ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်းလည်း လူမှုရေးဝန်ကြီးမှ Chin World media သို့ ပြောကြားသည်။

April 3, 2026
ချင်းပြည်နယ်၊ လောက်တူဒေသရှိ ဒေသခံပြည်သူတွေရဲ့စုပေါင်းရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းခဲ့တဲ့...
April 2, 2026
DonBosco — လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပပြီးနောက်...
April 2, 2026
မကွေးတိုင်း အရှို (ချင်း) လူမျိုးများတည်ရှိရာဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် ( CDF...
April 1, 2026
တီးတိန်ခရိုင် လမ်းဦးစီးဌာန အောက်ရှိ လုပ်ငန်းများတွင် တင်ဒါ ရရှိ လုပ်ကိုင် နေတဲ့ ကုမ္ပဏီများကို...