Salai Shing Mang — ဝန်ကြီးအိမ်ယာမှာနေထိုင်တဲ့ ဝန်ကြီးတစ်ချို့ အိမ်မှာ အစားအသောက်ပြတ်လပ်နေပြီ ဖြစ်တဲ့အတွက် လူမှုရေးဝန်ကြီးက အပြင်ထွက်ခွင့် ကဒ်လုပ်ပေးဖို့တောင်းဆိုထားကြောင်းသိရသည်။
လက်ရှိအထိန်းသိမ်းခံထားရသည့် ဝန်ကြီးဦးဖွေအား မိသားစုသည် လုံးဝအစားအသောက်ပြတ်လပ်နေပြီး စားစရာများဝယ်ယူရန်လိုအပ်နေကြောင်း လူမှုရေးဝန်ကြီး ထံမှ သိရသည်။
ဖေဖော်ဝါရီ ၅ရက်နေ့တွင် ဝန်ကြီးများအားလုံး အိမ်ယာမှ ထွက်ခွာရန်ဖြစ်ပြီး ပစ္စည်းများထုတ်ပိုးထားလျက်ရှိကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ၄င်းနှင့်အတူအထိန်းသိမ်းခံရသော ချင်းပြည်နယ်၀န်ကြီးချုပ်နှင့်စည်ပင်၀န်ကြီးတို့မှာလွတ်မြောက်ပြီဖြစ်ပြီး ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဝန်ကြီး ဦးဖွေးအားတို့အား လက်ရှိချိန်ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်းလည်း လူမှုရေးဝန်ကြီးမှ Chin World media သို့ ပြောကြားသည်။







