RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲကြား တပ်မတော်ဘက်မှကျဆုံးသူ၊ ဒဏ်ရာရသူရှိ

RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲကြား တပ်မတော်ဘက်မှကျဆုံးသူ၊ ဒဏ်ရာရသူရှိ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ်မတော်တို့သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ (၂၅) ရက်နေ့က မိုင်းပန်မြို့နယ် နမ့်တိန်ကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာ အနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မိုင်းပန်မြို့နယ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ခမရ (၅၇၅) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“မြေပြင်သတင်းအရတော့ တပ်မတော်ဘက်က ၃ ဦးသေဆုံးပြီး ၄ ဦးက ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်” ဟု RCSS ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

လင်းခေးခရိုင်ရှိ ဗျုတပ်တပ်များလည်း မိုင်းပန်မြို့နယ်ရှိ နောင်ပါမွန်တပ်စခန်းမှာ စစ်အင်အား ဖြည့်ဆည်းနေကြောင်း မိုင်းပန်ဒေသခံများက ပြောဆိုကြသည်။

“လင်းခေးမှာရှိတဲ့ ဗျုဟာတပ်လည်း မိုင်းပန်မြို့နယ်က နောင်ပါမွန် တပ်မှာ အင်အား (၂၀၀) လောက် ဖြည့်ဆည်းထားတယ်။ မိုင်းပန်မြို့နယ်မှာရှိတဲ့ ဝမ်ထမ် တပ်လည်း မြို့ပေါ် သွားလာလှုပ်ရှားသွားလာနေတယ်” ဟု မိုင်းပန်ဒေသခံ တစ်ဦးက ပြောသည်။

RCSS/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး၊ ၂၀၂၀ အောက်တိုဘာလတွင်လည်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားကာ အရပ်သား (၁၀၀၀) ကျော် စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...