Covid 19 ကာကွယ်ဆေးထိုးနှံမည့်လူဦးရေစာရင်း ဟားခါးမြို့နယ်တွင် ဇန်န၀ါရီ ၂၆ ရက်အထိစာရင်းကောက်ယူမည်

Covid 19 ကာကွယ်ဆေးထိုးနှံမည့်လူဦးရေစာရင်း ဟားခါးမြို့နယ်တွင် ဇန်န၀ါရီ ၂၆ ရက်အထိစာရင်းကောက်ယူမည်

ဟားခါးမြို့နယ်တွင် COVID 19ကာကွယ်ဆေးရရှိနိုင်မှုအပေါ် မူတည်၍ အသက်(၁၈)နှစ်အထက် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ စာရေးများက ယနေ့မှစ၍( ၂၆.၁. ၂၀၂၁)နေ့အထိ ကောက်ယူသွားမည်ဖြစ်ပါကြောင်း ၊၁.၁. ၂၀၀၃ ရက်နေ့နှင့်နောက်ပိုင်းမွေးဖွားသူများမပါဝင်ကြောင်းဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏လူမူ့ကွန်ရက်စာမျက်နှာများတွင်ဖော်ပြထားသည်။

 မိမိအမည်စာရင်းမကျန်ရှိစေရေးအတွက် စာရင်းလာကောက်စဉ်တွင်လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း စာရင်းပေးသွင်းကြပါရန် အသိပေးပန်ကြားအပ်ပါကြောင်း၊ယခု Postအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး Share ပေးခြင်းဖြင့် ကူညီပေးကြပါရန် အကူညီတောင်းခံပါကြောင်းအဆိုပါဌာနလူမူကွန်ရက်မှာဖော်ပြထားသည်။

အိန္ဒိယနိုင်ငံမှ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး(COVISHIELD)ပုလင်း ၁၅ သိန်း ဟာဇန်န၀ါရီလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီဖြစ်သည်။

ချင်းပြည်နယ်တွင် Covid 19 ကာကွယ်ဆေးကိုဦးစားပေးသတ်မှတ်ချက်အတိုင်းကျန်းမာရေး၀န်ထမ်းများကို ဇန်န၀ါရီလ ၂၇ ရက်နေ့တွင်စတင်ထိုးနှံပေးမည်ဖြစ်သည်။

အသက် ၁၈ နှစ်အောက်နဲ့ကိုယ်၀န်ဆောင်မိခင်တွေနဲ့ကိုဗစ်ကာကွယ်ဆေးတွေကိုစမ်းသက်ထားခြင်းမရှိတာကြောင့်အသက် ၁၈ နှစ်အောက်လူငယ်နှင့်ကလေးငယ်များနှင့်ကိုယ်၀န်ဆောင်မိခင်များကိုမူ Covid 19 ကာကွယ်ဆေးထိုးနှံမှာမဟုတ်ဘူးဟုကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှတာ၀န်ရှိသူများကပြောကြားထားသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...