တပ်မတော်ထောက်ခံသူ နှင့် NLDထောက်ခံသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်

တပ်မတော်ထောက်ခံသူ နှင့် NLDထောက်ခံသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်

Hseng Leng  — သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ ၊ နောင်အင်ဘောလုံးကွင်းတွင် ယနေ့ ပြုလုပ်သော တပ်မတော် ထောက်ခံသူ နှင့် NLD ထောက်ခံသူကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက် ယနေ့မနက်ကပြုလုပ်သည့် တပ်မတော် ထောက်ခံပွဲမှ တပ်မတော်ထောက်ခံသူများ ဆန္ဒထုတ်ဖော်နေစဉ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အလံကိုင်ဆောင်သူတဦးနှင့် ဝန်းရံသူ ၃ဦးတို့ ဝင်ရောက်လာသဖြင့် တပ်ထောက်ခံသူများနှင့် ရုန်ရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

“ ကျနော်တို့က ဘယ်သူမှခိုင်းလို့လာတာမဟုတ်ပါဘူး။ သူတို့လဲသူတို့ တပ်မတော်ထောက်ခံပွဲလုပ်တယ်။ ကျနော်တို့ကလည်း NLD ထောက်ခံတယ်။ ဒါပါဘဲ။ သူတို့ပြောတာ မဲလိမ်တယ်မဲခိုးတယ်ဆို သက်သေနဲ့ တင်ပေါ့။ ၅ နှစ်လုံးလုံးပျောက်နေပြီးမှ ရွေးကောက်ပွဲပြီးမှ ပြည်သူအတွက်ဆိုတဲ့ အရာကြီးက အဆင်မပြေဘူး” ဟု NLDအလံဖြင့် ကိုင်ဆောင်လာသူ ဒေးဗစ်ရှမ်းက မီဒီယာများကိုပြောသည်။

တပ်မတော်ထောက်ခံပွဲတွင် NLD အလံဖြင့် လာရောက်သူ ၃ ဦးကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ထိုသူ ၃ ဦးထဲမှ တဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

NLD ဝန်းရံသူများ အနေဖြင့် ဆန္ဒထုတ်ဖော်လိုပါက ဥပဒေအရ ငြိမ်းစုစီ တင်ပြီး မိမိဆန္ဒထုတ်ဖော်ရန်လို အပ်ကြောင်း၊ ယခု တပ်မတော် ထောက်ခံပွဲ ကြား ထိုသို့ဝင်ရောက်လာခြင်းမှာ မကောင်းကြောင်း၊ ထိုသူ(၃)ဦးကိုလည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တပ်မတော် ထောက်ခံသူများက ယနေ့ ပြောဆိုလိုက်သည်။

“ ကျနော်တို့ကတော့ ဥပဒေနဲ့အညီ ငြိမ်းစုစီတင်တယ်။ ဥပဒေနဲ့ အညီလုပ်တယ်။ ဒါကိုမှ သူတို့အနေနဲ့ NLD အလံတွေဘာတွေဖြန့်သွားတာတွေ့ရတယ်။ ကျနော်တို့က ပြည်သူဖက်ကိုပဲ မျက်နှာမူတာဖြစ်ပါတယ်။ တပ်မတော်ဖက်ကနေလဲ မဟုတ်ရင် မဟုတ်တဲ့အကြောင်းကို ပြောမှာဖြစ်တယ်။ ဘယ်ပါတီ၊ ဘယ်အစိုးရဖြစ်ဖြစ် မဟုတ်ရင်လည်း မဟုတ်ကြောင်းဝေဖန်ရမှာပါ။ ဒါကို ဆက်လက်ပြီးကျနော်တို့ပါတီကနေ တရားလိုလုပ်ပြီးတော့ တရားစွဲသွားမှာ ဖြစ်တယ်” ဟု အမျိုးသားဒီမိုကရက်တစ်ပါတီမှ ဦးဝင်းဗိုလ်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမှ မဲသမာမှုများကို တပ်မတော်က စီစစ်ဆောင်ရွက်နေမှုအား ထောက်ခံကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပေးအပ်ထားသည့် တာဝန်များကို ပြတ်သားတိကျစွာ ဆောင်ရွက်ပေးဖို့ လိုကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင်ဟောပြောခဲ့သည်။

ထောက်ခံပွဲတွင် တပ်မတော် မှ ထုတ်ပြန်နေသည့် မဲစာရင်းကွာဟမှုများကို ဖြေရှင်းပေးရေး (ဒို့အရေး)၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ပုဒ်မ(၈၄) နှင့်အညီ ပြည်ထောင်စု လွှတ်တော်အထူး အစည်းအဝေး ခေါ်ယူပေးရေး (ဒို့အရေး)၊ ပြည်ပ အထောက်အပံ့ရယူထားသည့် ပါတီကို အမြန်ဆုံး စစ်ဆေးဖျက်သိမ်းပေးရေး (ဒို့အရေး) စသည်ဖြင့် ကြွေးကြော်သွားခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...