ရိခေါ်ဒါရ်မြို့ရှိ ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိသော ကျန်းမာရေးဝန်ထမ်းအပါအဝင် (၂၄) ဦးတို့တွင် ကိုဗစ်ပိုးမတွေ့ရှိ

ရိခေါ်ဒါရ်မြို့ရှိ ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိသော ကျန်းမာရေးဝန်ထမ်းအပါအဝင် (၂၄) ဦးတို့တွင် ကိုဗစ်ပိုးမတွေ့ရှိ

နှင်းနှင်း - အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိခဲ့သော ကျန်းမာရေးဝန်ထမ်းအပါအဝင် (၂၄) ဦးတို့အား ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးရာ အားလုံးတွင် ကိုဗစ်ရောဂါပိုးမတွေ့ရှိ ကြောင်း ရိခေါ်ဒါရ်မြို့အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမူး ဦးချန်လျန်နာကပြောသည်။

“ရောဂါအဖြေတော့ထွက်ပြီးပြီ အာလုံးက Negative ပါပဲ။ မနေ့က ပိုးမတွေ့တဲ့သူတွေထဲမှာ အများအားဖြင့် ကျန်းမာရေး ဝန်ထမ်းတွေ၊ ပိုးတွေ့လူနာနဲ့ နည်းနည်း သက်ဆိုင်ရာဌာန၊ ဆိုင်ရာ ဝန်ထမ်းတွေ၊ ထွေအုပ်၊မြို့အုပ်ချုပ်ရေး၊ စည်ပင်ကော်မတီဝင်တို့ အဲ့လောက်ပဲသူတို့ကစစ်ဆေးတာ။ ပြင်ပလူတွေကို တီးတိန်ကိုမပို့ဘူး၊ ဒီမှာပဲရပ်ကွက်ထဲမှာ ကျန်းမာရေးမှုးတွေနဲ့ စစ်ဆေးပြီးတော့ လုပ်တာတော့ရှိတယ်။ ဆေးရုံလည်းပြန်ဖွင့်နိုင်ဖို့သန့်ရှင်းရေးတွေ လုပ်ပြီး ဆေးလည်းဖြန်းထားတယ်၊” ဦးချန်လျန်နာက ပြောသည်။

ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံရှိ တာဝန်ခံဆရာဝန်နှင့် ဆေးရုံဝန်ထမ်းအချို့ထံတွင် ကိုဗစ်ပိုး ကူးစက်ခံရပြီးနောက် ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ ဆေးရုံအား ပိတ်ထားခဲ့ရပြီး ယင်းပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့သော ကျန်းမာရေးဝန်ထမ်းများ၏ ဆေးစစ်ချက်မှာ Negative ဖြစ်သွားသဖြင့် ယနေ့မှစတင်ကာ ပြင်ပလူနာကုသရေး (OPD) လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ရိခေါဒါရ်မြို့တိုက်နယ်ဆေးရုံမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ Swab Test နမူနာများကို တီးတိန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့လူနာနဲ့ဆက်စပ်ပြီး နေအိမ်ကွာရန်တင်းဝင်နေရသည့် မိသားစုဝင်များကိုမူ Test Kid ဖြင့် စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခြင်းမရှိကြောင်းသိရသည်။

ရိခေါဒါရ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလာလ်ပက်လောမ်က “အခုစစ်တာက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ဆေးရုံဝန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းမိသားစုတွေ စစ်တာ Home Quarantine ကျတော့မစစ်ဘူး၊ မစစ်ဘူးဆိုတာကသူတို့က Home Quarantine ထားတဲ့အခါကြတော့ ဥပမာ-သူတို့ နာမကျန်းဖြစ်တာ၊ အနံ့မရတာ၊ ချောင်းဆိုတာသူတို့ရဲ့ ကျန်းမာရေး အပိုင်းမှာသံသယလက္ခာဖြစ်တာတို့ တခုခုဖြစ်ရင်ချ က်ချင်းစစ်ပေးမယ်လို့ ကျန်းမာရေးဌာနကပြောတယ် ”ဟု ပြောသည်။

လက်ရှိအချိန်ထိ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်ကူးစက်ခံရသူ(၅) ဦးရှိပြီး၊ ဆေးရုံတွင် Facility Quarantine ဝင်နေသူ (၆) ဦး၊ ပိုးတွေ့လူနာများနှင့်ထိတွေ့မှုကြောင့် အသွားအလာကန့်သတ်ထားသူ ၄၀ ဝန်းကျင်ရှိ ကြောင်းသိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...