ဖလမ်းမြို့ မီးဘေးသင့်သူပြည်သူများအတွက် အလှူငွေ ကျပ်သိန်း(၈၀) နှင့်ဒေါ်လာ(၂၅၀၀၀) ဝန်းကျင်ရရှိထား

ဖလမ်းမြို့ မီးဘေးသင့်သူပြည်သူများအတွက် အလှူငွေ ကျပ်သိန်း(၈၀) နှင့်ဒေါ်လာ(၂၅၀၀၀) ဝန်းကျင်ရရှိထား

နှင်းနှင်း - ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူငွေများ ကောက်ခံရာ မြန်မာငွေ ကျပ်သိန်း(၈၀) နှင့် အမေရိကန်ဒေါ်လာ (၂၅၀၀၀) ဝန်းကျင်လက်ခံရရှိထားပြီဖြစ် ကြောင်း ဖလမ်းမြို့၊ မီးဘေးသင့်ကူညီရေးကော်မတီမှကိုငယ်ပီးကပြောသည်။

“ဆုံးရှုံးနစ်နာရတဲ့သူတွေကို ကူညီထောက်ပံနိုင်ဖို့နှင့်ပြန်လည်ထူထောင်လာနိုင်စေရေးအတွက် တတ်နိုင်သေ လာက်နဲ့ပါဝင်ကြဖို့အတွက် အားလုံးဆော်သြထားပါတယ်။ အခုကျွန်တော့်စီမှာတော့ ကျပ်သိန်း(၈၀) ကျော်ကျော် လောက်ရရှိသွားပါပြီ၊ Gofundme ကနေရရှိတာက ဒေါ်လာ နှစ်သောင်းခွဲဝန်း ကျင်တော့ရှိနေပြီ၊ လက်ထဲမှာမေ ရာက်ရှိသေးတာလဲရှိပါတယ်၊ အားလုံးကလည်းသူ့နေရာနဲ့သူ ကောက်ခံနေဆဲဖြစ်တယ်။” ဟု ကိုငယ်ပီးက ပြောသည်။

ဖလမ်းမြို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်း ၃ နာရီခွဲခန့်တွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် (၆) လုံးလောင်ကျွမ်းပြာကျသွားပြီး၊ အမျိုးသမီး (၂) ဦး သေဆုံးသွားကြောင်းသိရသည်။

ဆောင်းရာသီကာလအတွင်း ချင်းပြည်နယ်တွင်ရာသီဥတုအေးသောကြောင့် ဒေသခံပြည်သူများသည် ညအချိန်တွင် မီးလှုံခြင်း၊ လျှပ်စစ်အပူးပေးစက် (Heater) များအသုံးပြုလေ့ရှိကြသည့်အတွက်ထိုမှတ ဆင့်မီးလောင်ကျွမ်းမှု လည်းဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

ဖလမ်းမြို့ရှိ မီးဘေးသင့် အိမ်ထောင်စုများကို ၎င်းတို့၏ စ္စည်းဆုံးရှုံးမှုပမာဏနှင့် အလှူငွေကောက်ခံရရှိမှုအပေါ် တွက်ချက်ပြီးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမည်ဖြစ်ကြောင်းဖြစ်ကြောင်းသိရှိရသည်။

ဖလမ်းမြို့မှ တာဝန်ရှိသူများမှ တစ်အိမ်တက်ဆင်းဖြင့်အလှူငွေများကောက်ခံ ခြင်း၊ မီးဘေးသင့်ကူညီရေးကော်မတီအဖွဲ့၊ ပြည်တွင်းပြည်ပမှ ချင်းဖလမ်းလူမျိုးအဖွဲ့အစည်းတို့ပူးပေါင်း ပြီးဆောင်ရွက်နေကြောင်းသိရသည်။

၁၉၈၃ ခုနှစ်တွင် ဖလမ်းမြို့မဈေးကြီးမှာမီးလောင်ပြာကျခဲ့၍ ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်ခဲ့ပြီး နှစ်ပေါင်း ၃၇ နှစ်အကြာမှ ယခုကဲ့သို့ကြီးမားပြီးဆုံးရှုံးမှုများသည့် မီးလောင်မှုမျိုးထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းမြို့၊ မီးဘေးသင့် ကူညီရေးကော်မတီမှ ကိုငယ်ပီးကပြောသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...