ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရ

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရ
(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။
(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်း အနီး ဗိုလ်ချုပ်လမ်းပေါ်တွင် နာရေးမှပြန်လာသည့် အမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့၊ ည ၉ နာရီခွဲခန့်တွင် ယခုကဲ့သို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ည ၁၁ နာရီခွဲအချိန်တွင် တဟန်း ZYA လူမှုကူညီရေးအသင်းက ဒဏ်ရာရရှိသူများကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်တစ်စီးတည်း အတူလိုက်ပါစီးနင်းလာသော အမျိုးသားနှစ်ဦးမှာ တင်ပါးနှင့် ပေါင်တို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဲဒီညက ချင်းအမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ အသုဘကအပြန် လမ်းမှာ စစ်သားတွေက သေနတ်နဲ့ ပစ် လိုက်တာ။ တစ်ယောက်က တင်ပါးမှာမှန်တာ အနာက တော်တော်ပြင်းထန်တယ်။ နောက်တစ်ယောက်ကိုတော့ ပေါင်မှာထိတာ အကြီးကြီးပဲ့သွားတယ်။ ဒဏ်ရာကတော့ တော်တော်ပြင်းထန်တယ်။”

စစ်တပ်က ရန်ကုန်ကဲ့သို့ မြို့ကြီးအချို့တွင် ညမထွက်ရအမိန့်ကို ပြန်လည် ရုပ်သိမ်းပေးခဲ့သော်လည်း စစ်ရေး တင်းမာနေသည့် ကလေးမြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်အုပ်ချုပ်ရေး (Martial Law) နှင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။

ထို့ကြောင့် ဒေသခံပြည်သူများ အနေဖြင့် မိမိတို့၏လုံခြုံရေးကို ဦးစားပေးသင့်ပြီး လက်နက်ကိုင် အဖွဲ့အစည်း များက ထုတ်ပြန်ထားသည့် ညမထွက်ရစည်းကမ်းများကို သေချာစွာ လိုက်နာကြရန် လိုအပ်ကြောင်း တိုက်တွန်း ထားသည်။

လက်ရှိတွင် ကလေးမြို့ပေါ်၌ စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွ များတွင် စစ်ဆေးရေးဂိတ်များချကာ စစ်ဆေးခြင်းနှင့် ကင်းလှည့်ခြင်းများကို တင်းကျပ်စွာ ပြုလုပ်လျက်ရှိသည်။

ထို့ပြင် စစ်ဝတ်စုံဖြင့်လည်းကောင်း၊ အရပ်ဝတ်ဖြင့်လည်းကောင်း ရပ်ကွက်များအတွင်း လူငယ်များကို မကြာ ခဏ ဖမ်းဆီးနေပြီး အများစုမှာ ငွေကြေးဖြင့် ရွေးချယ်ခွင့်မရတော့ဘဲ ပြန်လည်လွတ်မြောက်လာခြင်း မရှိဘူးဟု ဆိုကြသည်။

တစ်ဖက်တွင်လည်း ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ ပြည့်မိန့်ခွန်းတွင် တပ်မတော်ကို တိုက်စွမ်းအားရှိစေရန် လိုအပ်သော အရင်းအမြစ်များ ရရှိရေးနှင့် စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောကြားထားသည်။

ထို့ကြောင့် အခြားတိုင်းနှင့် ပြည်နယ်အချို့တွင်မူ အမျိုးသားအများစု တိမ်းရှောင်နေရခြင်းနှင့် ဖမ်းဆီးခံထား ရခြင်းတို့ကြောင့် ယောက်ျားလေးများ မရှိတော့သည့် နောက်ပိုင်း မိန်းကလေးများကိုပါ ပေါ်တာဆွဲဖမ်းဆီးမှုများ ရှိနေကြောင်း ပြောဆိုမှုများ ရှိနေသည်။

ဓာတ်ပုံ - (ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...