ကျပ်သန်းပေါင်းတစ်ထောင်ကျော် ကုန်ကျပြီး တည်ဆောက်ထားတဲ့ ဒီးမော့ဆိုမြို့နယ် ခန်းမကို ကယားပြည်နယ်နေ့တွင် ဖွင့်လှစ်မည်

ကျပ်သန်းပေါင်းတစ်ထောင်ကျော် ကုန်ကျပြီး တည်ဆောက်ထားတဲ့ ဒီးမော့ဆိုမြို့နယ် ခန်းမကို ကယားပြည်နယ်နေ့တွင် ဖွင့်လှစ်မည်

မီမြာ — ကယားပြည်နယ် ဒီးမော့ဆိုမြို့ မှာ ကျပ်သန်းတစ်ထောင်ကျော်ကုန်ကျပြီး အသစ်တည်ဆောက်ထားတဲ့ မြို့နယ် ခန်းမကို လာမယ့် ကယားပြည်နယ်နေ့(ဇန်နဝါရီ ၁၅ရက်)မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်မှာဖြစ်ပါတယ်။

အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။

အခမ်းအနားကို ကျန်းမာရေးဝန်ကြီး ညွှန်ကြားချက်နဲ့ အညီ စီစဉ်ဆောင်ရွက်ထားမှာဖြစ်တယ်လို့ ဒီးမောဆိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုး ကအခုလိုပြောပြပါတယ်။

“ ကျနောတို့ အခမ်းအနားကတော့ ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်ပိုင်းရှိတာပေါ့။ ပထမပိုင်းကတော့ ဖဲကြိုးဖြတ် တဲ့ အခမ်းအနားမှာတော့ လူ လေးဆယ်လောက် ဖိတ်ထားပါတယ်။ ခန်းမအတွင်းမှာ ဒုတိယ အစီအစဉ်အနေနဲ့ကတော့ လူခြောက်ဆယ်လောက်ရှိပါမယ် ခန်းမရဲ့ အကျယ်အဝန်းအရ ဆိုရင် ကိုဗစ်နိုင်တီး ညွှန်ကြားချက်နဲ့ ညီအောင် တစ်ဦးနဲ့ တစ်ဦး ခြောက်ပေကြားနဲ့ ဆောင်ရွက်ထားပါတယ်။ တက်ရောက်လာတဲ့ဧည့်သည်တိုင်းကိုလည်း မတ်စ်တွေ ဝေပေးမှာ ဖြစ်ပါတယ်။ လက်ဆေး ဘေစင်တွေလည်း လုပ်ထားပါတယ်။handjelလည်းချပေးထားမှာဖြစ်ပါတယ်။ လုံလောက်အောင်စီစဉ်ပေးထားပါတယ်။ ”

ကွန်ကရစ်နှစ်ထပ်ခန်းမအမျိုးအစားကိုတည်ဆောက်ထားတာဖြစ်ပြီ တင်ဒါစနစ်နဲ့ နန်းအေးရိပ်ကုမ္ပဏီက တင်ဒါအောင် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

ခန်းမကို ပြည်နယ်အစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေ နဲ့ သုံးနှစ် တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းပေါင်း ၇၇၀.၃၄၈သန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းပေါင်း၂၂၈.၄၉၂သန်းနဲ့ ၂၀၂၀-၂၀၂၁ ဘာဏ္ဍာရေးနှစ်မှာ ကျပ်သန်းပေါင်း၃၄၅.၄၉၉သန်းဖြစ်ပြီး စုစုပေါင်း ၁၃၄၄.၃၃၉ ကျပ်သန်း ကုန်ကျခံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...