ချင်းပြည်နယ်တွင် ဆိုင်ထိုင်ရောင်းချခွင့် ပြန်လည်ခွင့်ပြုရန် အစီအစဉ်မရှိသေးဟု ဦးစိုးထက်ပြော

ချင်းပြည်နယ်တွင် ဆိုင်ထိုင်ရောင်းချခွင့် ပြန်လည်ခွင့်ပြုရန် အစီအစဉ်မရှိသေးဟု ဦးစိုးထက်ပြော

နှင်းနှင်း — ချင်းပြည်နယ်အတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခွင့်အား ခွင့်ပြုရန် အစီအစဉ်မရှိသေးကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ဖွင့်မဲ့အစီစဉ်မရှိဘူး၊ ဘာလို့လဲဆိုရင်ကျွန်တော်တို့ဖက်မှာ ကိုဗစ်ပိုးတွေ့လူနာက များများလာတာ ၊ ဟားခါးမှာလည်း များလာတယ်၊ မင်းတပ်မှာလည်းများလာတယ်၊ ကန်ပလက်၊ မတူပီ၊ ပလက်ဝ၊ အဲဒီဟာရော နောက်ဒီဖက်က တီးတိန်းကလည်း တောက်လျှောက်ကိုဗစ်ရောဂါသည်က မလျှော့လာပဲ တိုးတိုးလာတယ်။ ဟားခါးမှာဆိုရင် မကြာမကြာ တွေ့နေတာ၊အဲ့လိုဖြစ်တဲ့အတွက် လူအဝင်အထွက်နဲ့ အဲ့လိုမျိုးပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ကို ကျွန်တော်တို့က ပိုပြီးတော့ စစ်တာ” ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

လက်ရှိတွင် ချင်းပြည်အနယ်အတွင်းရှိဆိုင်များအား ဆိုင်ပြန်လည်ဖွင့်လှစ်နိုင်ရန်မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းမှုရှိမရှိ သိရှိနိုင်ရန်သာ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

“စားသောက်ဆိုင်တွေက လောလောဆယ်တော့ ပါဆယ်ကိုပဲသွားတာပေါ့နော်၊ ဒီရောင်း ကုန်ဆိုရင်လည်း ကျွန်တော်ခုမှ တနေ့လုံးပြန်ရောင်းခိုင်းထားတာ အရင်တုန်းက ဆိုရင် နေ့တဝက်ပဲရောင်းတာ၊နေ့တဝက်မှာမှ စျေးဆိုင်အခန်းကို တဆိုင်ခြားရောင်းခိုင်းတာ၊ နေ့တစ်ဝက်စီအခုကနည်းနည်း သက်သာတယ်ဆိုပြီးမှ အစကမနက်ကနေညနေ အထိရောင်းခိုင်း တဲ့အချိန်မှာ ကိုဗစ်ပိုးတွေကပိုပြန့်နံ့လာတယ် ၊တွေ့ရှိမှုကလည်းများလာတယ်။ကျွန်တော်ကတော့ အချိန်တောင်မှ နေ့တဝက်လောက်ပဲရောင်းတာမျိုး၊ နောက်ပြီးဆိုင်တစ်ဆိုင်ခြားကိုရောင်းခိုင်းတာ တို့၊အဲ့လိုမျိုးလုပ်ဖို့တောင်ပြန်စီစဉ်နေတယ်”ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

နေပြည်တော်ကောင်စီအတွင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအား (A) အဆင့်သတ်မှတ်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ဒီဇင်ဘာ (၄) ရက်နေ့မှ စတင်ကာ ပြန်လည်ခွင့်ပြုပေးမည်ဟု ပြည်ထောင်စု ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...