UEC အဖွဲ့ကခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၆ ဉီးထက်မနဲ နှုတ်ထွက်စာတင်ဟူသည့် သတင်းအမှား

UEC အဖွဲ့ကခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၆ ဉီးထက်မနဲ နှုတ်ထွက်စာတင်ဟူသည့် သတင်းအမှား
by -
KMG

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခေါင်းဆောင် ၁ ဉီးအပါအဝင် အဖွဲ့ဝင် ၆ ဉီးထက်မနဲ နှုတ်ထွက်စာတင်ဆိုသည့် သတင်းအမှားသည် ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့လျက်ရှိသည်။ 

အဆိုပါသတင်းအမှားကို "ဇာမဏီလိုနှလုံးသားနဲ့လူ" အကောင့်ပိုင်ရှင်မှ လူမှုကွန်ယက်စာမျက်နှာတွင် "သတင်းထူး - တပ်မတော်မှ အချက်ပြလိုက်ပြီးလား" ဟု ခေါင်းစဉ်ပေးထားပြီး UEC ကော်မရှင်မှ အဖွဲ့ဝင် (၆) ဦး နှုတ်ထွက်စာတင်ခြင်း တပ်မတော်မှ စုံစမ်းစစ်ဆေးမည့် မဲစာရင်းစာရွက်စာတမ်းများအား ဖြောက်ဖျက်ပစ်ပါက နိုင်ငံတော်အာဏာ လိမ်လည်ရယူမှုဖြင့်၎င်း နိုင်ငံတော်လုံခြုံရေးကျိူးပေါက်စေရန် ရည်ရွယ်ချက်ဖြင့်၎င်း ဖွဲ့စည်းပုံအခြေခံဉပေဒေ ပုဒ်မ (၄၁၇) အရ နိုင်ငံတော်၏အချုပ်အခြာအဏာကို အဓမ္မနည်းဖြင့်ရယူရန် အားထုတ်ပါက တပ်မတော်မှ အာဏာသိမ်းခွင့်ရှိသည်ဟူသည့် စာသားများပါသည့် သတင်းအမှားကို ရေးသားခဲ့သည်။ 

“အဲဒီသတင်းက အဓိပ္ပါယ်လည်းမရှိ၊ ကျနော်တို့ကြားထားတာလည်းမရှိဘူး၊ အဲဒါကြောင့် အဲဒီသတင်းက သတင်းအမှားဘဲဖြစ်တယ်၊ ပြီးတော့ နိုင်ငံတော်အာဏာလိမ်လည်မှုနဲ့ တပ်မတော်က အာဏာသိမ်းခွင့်ရှိတယ်ဆိုတဲ့ဟာကလည်း သတင်းအမှားဖြစ်တယ်၊ အဲဒီဟာကိုလည်း ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်က သတင်းအမှားဖြစ်ကြောင်း ထုတ်ပြန်ထားတယ်” ဟု ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းတစ်ဉီးကပြောသည်။

UEC က အဖွဲ့ခြောက်ယောက်နှုတ်ထွက်ကြောင်းနှင့် အမှန်တကယ်နှုတ်ထွက်ပါကလည်း အလုပ်နှင့်ထောင်ဒဏ် နှစ် ၆၀ အထိ ချမှတ်နိုင်ကြောင်း ရေးသားထားသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း ဒီဇင်ဘာ ၄ ရက်နေ့တွင် ကော်မရှင်၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ 

အဆိုပါသတင်းအမှားကို ဖြန့်ဝေခဲ့သည့် ဇာမဏီလိုနှလုံးသားနဲ့လူ၏ပိုစ်အား Like & React ပေးသူ ၁၄ဝဝ ကျော် မှတ်ချက်ပေးသူ ၄၄၅ ခု မျှဝေသူ ၁၂၀၀ ကျော်ရှိပြီး ဒုတိယကာကွယ်ရေးဉီးစိးချုပ် ဉီးစိုးဝင်း၏ပုံဖြင့် တင်ခဲ့ခြင်းဖြစ်သည်။

အလားတူသတင်းအမှားအား မဥ္ဇူသက်ထား အကောင့်ပိုင်ရှင်မှလည်း ရေးသားခဲ့ပြီး Like & React ပေးသူ ၁၉၄ ဉီး မှတ်ချက်ပေးမှု ၃၁ ခုနှင့် မျှဝေသူ ၁၂၀ ခုရှိသည်။

ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်းတု/သတင်းမှားများ ပုံစံမျိုးစုံဖြင့် ပြန့်နှံ့လျက်ရှိရာ သတင်းမီဒီယာလုပ်ငန်းစဥ်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေသည့် သတင်းမီဒီယာများမှ သတင်းများကိုသာ ဖတ်ရှုကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...