“နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်သတိပေး” ဆိုတဲ့ သတင်းအမှား

“နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်သတိပေး” ဆိုတဲ့ သတင်းအမှား
by -
KMG

“နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်သတိပေး” ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့က Ngu Wah Hlaing ဆိုတဲ့ အကောင့်ပိုင်ရှင်က ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနဲ့အတူ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

အဲ့ဒီ Post မှာ “တပ်မတော်ဆိုတာ ပြည်သူတွေကိုကာကွယ်ဖို့နဲ့ တိုင်းပြည်ကိုကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော်မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောဆိုလိုက်ပါတယ်ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ 

တကယ်တော့ ဒီသတင်းဟာ လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်းအစီစဉ်ကနေ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က “နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း" ဆိုတဲ့ သတင်းခေါင်းဆောင်စဉ်နဲ့ ရေးသားဖော်ပြခဲ့တဲ့သတင်းဖြစ်ပါတယ်။

ဒီမှာလင့်ကြည့်နိုင်ပါတယ် https://www.rfa.org/burmese/news/dassk-army-not-involve-politicial-10012...

“နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်သတိပေး” ဆိုတဲ့ ဒီသတင်းအမှားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း သတင်းအမှန်သိဆိုတဲ့အကောင့်မှာ ဖော်ပြခဲ့တာကြောင့် သတင်းအမှား/အမှန် စိစစ်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fact Crescendo (www.factcrescendo.com) ကလည်း သတင်းအမှားဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒီမှာလင့်ကြည့်နိုင်ပါတယ် https://myanmar.factcrescendo.com/fact-check-daw-aung-san-suu-kyi-commen...

ဒါကြောင့်ဒီသတင်းအမှားကို Ngu Wah Hlaing ဆိုတဲ့ အကောင့်က ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီသတင်းမှာအသုံးပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံဟာလည်း နိုဝင်ဘာလ ၁၂ ရက်နေ့က Video Conferencing စနစ်ဖြင့် ကျင်းပတဲ့ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက ဓာတ်ပုံဖြစ်နေပါတယ်။ 

ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူအများ ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်ထားတဲ့ သတင်းအမှားသာဖြစ်တယ်ဆို တာ သိရှိနိုင်ပါတယ်။ ဒီသတင်းကို အမှားဖြစ်ကြောင်း ဖြေရှင်းထားပြီးဖြစ်ပေမယ့် ပြန်လည်ပြန့်နှံလာတာကြောင့် သတင်းအမှားတွေကို သတိပြုဖို့လိုအပ်ပါတယ်။

ဒီသတင်းအမှားကို Like & react ပြုလုပ်ထားသူ (၁၂၉) ယောက်၊ မှတ်ချက်ပြုရေးသားသူ (၁၈၉) ယောက်နဲ့ ပြန်လည်မျှဝေသူ (၈၅) ယောက်ရှိခဲ့ပါတယ်။

ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနရဲ့နာမည်တွေကိုယူပြီး ကိုယ်ပိုင် Facebook Page မှာတင်ထားတဲ့ Post အများစုကို မယုံကြည်ကြဖို့လိုအပ်ပါတယ်။

ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနရဲ့ Official Page မှာတင်ထားတဲ့သတင်းတွေကိုသာ ယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...