ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းမရရှိသေးသောဒေသတချို့တွင် KSPP ပါတီနှင့်ပတ်သက်သည့် သတင်းအမှား

ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းမရရှိသေးသောဒေသတချို့တွင် KSPP ပါတီနှင့်ပတ်သက်သည့် သတင်းအမှား
by -
KNG

ပြီးခဲ့သောရွေးကောက်ပွဲကာလ ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းမရရှိသေးသောဒေသတချို့တွင် KSPP ပါတီနှင့်ပတ်သက်ပြီး သတင်းအမှားပုတ်ခတ်ပြောဆို ဖြန့်ဝေခဲ့သည့် လူပုဂ္ဂိုလ် ၃ ဦးကို ပါတီဘက်က တရားစွဲဆိုထားသည်ဟု စုံစမ်းသိရှိရသည်။

ပြည်နယ်အတွင်း ဝေးလံခေါင်ပါးပြီး အင်တာနက်လိုင်းမရရှိသေးသည့် ပူတာအို၊ နောင်မွန်းစသည့်မြို့နယ်များတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကို သတင်းအမှားဖြင့်ဖြန့်ဝေကာ ပုတ်ခတ်ပြောဆိုခဲ့သူ ၃ ဦးကို နောင်မွန်းမြို့နယ်ရဲစခန်းတွင် နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက အမှုဖွင့်တိုင်ကြားထားကြောင်း နောင်မွန်းမြို့နယ် KSPP ဥက္ကဌ ဦးဆန်နိုင်ဒီးရမ်ထံကပြောသည်။

“သူတို့က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ပေးတယ်။ နောက်ပြီး ဘာသာရေးနဲ့ လူမျိုးရေးကိုခေါင်းစဉ်တပ်ပြီး ပုတ်ခတ်ပေးတယ်။ KSPP ကို KIA က ပိုက်ဆံပေးပြီး ကျောထောက်နောက်ခံထောက်ပံ့ပေးထားကြောင်း ပြောဆိုခဲ့တယ်။ KSPP ပါတီကလည်း နိုင်ငံတော်ကခွင့်ပြုထားတဲ့ တရားဝင်မှတ်ပုံတင်ရပါတီမဟုတ်ဘူးလို့ ပုတ်ခတ်ပြောဆို ဖြန့်ဝေခဲ့တယ်။ ဒါကြောင့် တရားစွဲထားသည်” ဟု ပြောဆိုသည်။

ဦးဆန်နိုင်ဒီးရမ်သည် နောင်မွန်မြို့နယ်၏ KSPP ပါတီဥက္ကဌတစ်ဦးဖြစ်သလို ပါတီအောင်နိုင်ရေးအတွက် ဦးဆောင်ခဲ့သူဖြစ်ကာ ယခုသတင်းအမှားဖြန့်ဝေပြောဆိုသူ ၃ ဦးကိုလည်း သူကိုယ်တိုင်တရားလိုပြုလုပ်ကာ ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်တိုင်ကြားထားသူဖြစ်သည်။

တရားစွဲခံနေရသူ ၃ ဦးမှာ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီအသင်း (WHG) ဥက္ကဌ (ငြိမ်း) ဦးထုံဖူးဒဂုဏ်အပါအဝင် ဦးဆားရ်ဝမ်ဖုန်နှင့် ဦးပီတာတို့ဖြစ်သည်။

ထိုသူ ၃ ဦးကို ‘လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲမပေးဘဲနေရပြောဆိုလှုံဆော်ခြင်း’ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဂ) ဖြင့် အရေးယူပေးရန်တိုင်တန်းထားသော်လည်း တရားခွင်တွင် မရောက်သေးသည့်အမှုဖြစ်သည့်အတွက် မည်သည့် ပုဒ်မမြောက်ကြောင်း အသေးစိတ်မသိရသေးကြောင်း ဦးဆန်နိုင်ဒီးရမ် က ပြောသည်။

နိုဝင်ဘာလ ၂၅ရက်နေ့ နောင်မွန်းမြို့နယ်ရဲစခန်းတွင် တရားလိုအပါအဝင် သက်သေ ၅ဦးကို စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။

ပူတာအိုခရိုင်သည် အင်တာနက်ဆက်သွယ်ရေးလိုင်းရရှိမှုနှုန်း နည်းပါးသောဒေသဖြစ်သောကြောင့် ရွေးကောက်ပွဲကာလ သတင်းအမှားအများစုမှာ လူမှုစာမျှက်နာပေါ်ထက် မြေပြင်တွင်ပိုမိုပြန့်နှံခဲ့ကြောင်း KSPP ကိုယ်စားလှယ်လောင်းများက ပြောဆိုနေကြသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...