၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်မှာ လယ်ယာ ကုန်ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်မည်

၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်မှာ လယ်ယာ ကုန်ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်မည်

စိုးထိုက်အောင် — ၂၀၂၀-၂၀၂၁ ဘတ်ဂျတ်နှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ ကျေးလက်က လယ်ယာကုန်ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။

“ ၂၀၂၀-၂၀၂၁အနေနဲ့ကတော့ ကျနော်တို့ ကယားပြည်နယ်အနေနဲ့ရော ကယားပြည်နယ်က မြို့နယ်၊ ကျေးရွာတွေမှာရော ကျနော်တို့လိုအပ်နေတဲ့ ကျေးလက်ကုန်ထုတ်လမ်းတွေ၊ ရေပေးရေးလုပ်ငန်းတွေ ဒါတွေကတော့ ကျနော်တို့ အရင်နှစ်ကလုပ်တဲ့လုပ်ငန်းနဲ့တော့မတူဘူးပေါ့။ ဒီနှစ်မှာမှာလဲ ထပ်လိုအပ်တဲ့နေရာတွေကအများကြီးရှိနေတော့ လိုအပ်တဲ့နေရာတွေကို ကျနော်တို့ လိုအပ်တဲ့ ဦးစားပေးအစီအစဉ်အနေနဲ့ ကျနော်တို့ ဘတ်ဂျတ်ထဲမှာ ထည့်ပြီးတော့ ကျနော်တို့ဆောင်ရွက်ပါတယ်။” လို့ ဦးကျော်သူအောင်ကပြောပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကနေ ၂၀၂၀ – ၂၁ ဘဏ္ဍနှစ်အတွက် ပြည်ထောင်စုနဲ့ ပြည်နယ် ဘတ်ဂျက်ကနေ ရံပုံငွေ စုစုပေါင်း ကျပ် ၃၃၈၀.၅၁၂ သန်းရရှိထားတယ်လို့ ဆိုပါတယ်။ပြည်ထောင်စုငွေလုံးငွေရင်းရံပုံငွေဖြင့် ကျေးလက်လယ်ယာ ကုန်ထုတ်လမ်း (၁၃)လမ်းနဲ့ တံတားလုပ်ငန်း(၅၃)ခုအတွက်ရံပုံငွေကျပ်သန်း (၁၁၇၀.၇၂)သန်းကိုအသုံးပြုသွားမာဖြစ်ပြီး ရေရှားပါးတဲ့ ဒေသတွေမှာ ကျေးလက်ရေရရှိရေးအတွက် လုပ်ငန်း ၂၈ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၆၇၄.၃၂၁)သန်းကို အသုံးပြုသွားမာဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက် လယ်ယာကုန်ထုတ်လမ်း (၉)လမ်း၊ တံတား ၁၂စင်းအတွက်ရန်ပုံငွေကျပ်(၁၀၉၃.၄၁)သန်းနဲ့ ကျေးလက်ရေရရှိရေးလုပ်ငန်းအတွက် လုပ်ငန်း ၁၇ခုအား ခွင့်ပြုရန်ပုံငွေကျပ် (၄၄၂.၀၆၀)သန်းကို ဆောင်ရွက်သွားမာဖြစ်ပါတယ်။၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ စီမံကိန်းအသစ်အနေနဲ့ မြစိမ်းရောင်စီမံကိန်းအတွက် ၁၀ယူနစ် ခွင့်ပြုရရှိပြီး ၁ယူနစ်ကို ကျပ်သန်း၃၀ (သိန်း ၃၀၀) နဲ့ ကျေးရွာဖွင့်ဖြိုးရေးစီမံကိန်း (BDB) စီမံကိန်းအတွက် ကျေးရွာ (၅၀)အတွက် ခွင့်ပြုငွေကျေးရွာတစ်ရွာကို ကျပ်သိန်း(၁၀၀)ဖြင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်းနဲ့ ကျေးရွာဖွံ့ဖြိုးရေး (BDB)စီမံကိန်းတွေကို “ ဒီ စီမံကိန်းအနေနဲ့လည်း ကျနော်တို့ ကျေးရွာအရေအတွက်ခွဲဝေမှုကို သက်ဆိုင်ရာကျနော်တို့ ပြည်နယ်အစိုးကို တင်ပြပြီးတော့ ကျေးရွာအရေအတွက်ခွဲယူရရှိပြီးနောက်မှာတော့ ကျနော်တို့ မြို့နယ်အဆင့်ပေါ့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းအထောက်အကူပြုနဲ့ ကျနော်တို့ စီမံကိန်းရွေးချယ်ရေးအဖွဲ့များနဲ့ ကျနော်တို့ ဒီကျေးရွာကို ရွေးချယ်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်သွားမာဖြစ်ပါတယ်။” လို့ ဦးကျော်သူအောင်က ပြောပါတယ်။

ပြည်ထောင်စုနဲ့ ပြည်နယ်ခွင့်ပြုရန်ပုံငွေတွေကရရှိတဲ့ ရန်ပုံငွေတွေကိုကယားပြည်နယ်အတွင်းမှာ Lot (၁၇)ခုခွဲပြီးဆောင်ရွက်သွားမာဖြစ်ပါတယ်။ အဆိုပါ Lot (၁၇)ခုမှ (၁၅)ခုကို အိတ်ဖွင့်တင်တာစနစ်ဖြင့် လုပ်ငန်းရှင်တွေကိုခေါ်ယူလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ကျန်တဲ့ Lot နှစ်ခုက ကျပ် ၁၀သန်းအောက်မှာဖြစ်တဲ့အတွက် ဈေးနှုန်းအဆိုပြုလွှာအဖြစ် ခေါ်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...