ပလက်ဝသို့ WFP မှ ထောက်ပံ့ထားသည့် ဆန်အိတ် ၂၀၀၀ ရောက်ရှိ

ပလက်ဝသို့ WFP မှ ထောက်ပံ့ထားသည့် ဆန်အိတ် ၂၀၀၀ ရောက်ရှိ

ချင်းပြည်နယ် ပလက်ဝမြို့ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် WFP မှ ထောက်ပံ့ထားသည့် ဆန်အိတ် ၂၀၀၀ သည် ယခုရက်ပိုင်းက ပလက်ဝမြို့ပေါ်သို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအား ပေးဝေလျက်ရှိကြောင်း ချင်းပြည်နယ်အ စိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဉီးစိုးထက်မှပြောသည်။

“WFP ကထောက်ပံ့ထားတဲ့ ဆန်အိတ် ၂၀၀၀ ကျော် ဟိုတစ်နေ့ကဘဲ ရောက်ပြီ၊ အခုလည်း ဆက်ပို့နေတယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလှူထားတာလည်း ပခုက္ကူကနေ စထွက်နေပြီ၊ ပြီးတော့ ပလက်ဝမြို့နယ်မှာ ဘယ်လိုမျိုးထောက်ပံ့မှုတွေ အဓိကလုပ်ဆောင်မလဲဆိုတဲ့ ကွင်းဆင်းလေ့လာမှုကို WFP, ICRC, ကြက်ခြေနီအသင်းတွေကနေပြီးတော့ ဆမီးမှာ အရင်လုပ်မယ်၊ နောက်လကျရင် ပလက်ဝကိုဆက်လုပ်သွားမယ်”ဟု စည်ပင်ဝန်ကြီး ဉီးစိုးထက်မှပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် လက်ရှိ ပလက်ဝမြို့သို့ ရောက်ရှိနေသည့် WFP မှ ဆန်အိတ် ၂၀၀၀ အပြင် ဆမီးမြို့တွင်လည်း ဆန်အိတ် ၄၀၀၀ ကျန်ရှိနေပြီး ပလက်ဝမြို့သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဉီးစိုးထက်မှပြောသည်။

ထို့ပြင် စစ်ဘေးရှောင်မဟုတ်သည့် ပလက်ဝမြို့ ဒေသခံများလည်း ဆန်ပြတ်လတ်မှုများ ကြုံနေရသဖြင့် ချင်းပြည်နယ်အ စိုးရမှ သယ်ယူစာရိတ်အရှုံးခံကာ လျှော့ဈေးဖြင့် ပလက်ဝဒေသခံများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေအတွက်ကိုတော့ လူကယ်ပြန်က အလကားပေးတယ်၊ စစ်ရှောင်မဟုတ်တဲ့သူတွေအတွက်ကတော့ အရင်ကအလကားပေးခဲ့ပေမယ့် တောက်လျှောက် အလကားပေးဖို့ကျတော့ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့် ပခုက္ကူကနေ ၂၅၀၀၀ နဲ့ဝယ်ပြီးတော့ ကားခက ၁၂၅၀၀ လောက်ကျတယ်၊ အဲဒါကို ကျနော်တို့က ၇၅၀၀ လောက် အရှုံးခံပြီးတော့ ဆန်မပြတ်အောင် ၃ဝဝဝနဲ့ပြန်ရောင်းပေးတယ်၊ ဟိုမှာက လက်ရှိဆန်တစ်အိတ်ကို ၆ဝဝဝဝအထက်မှာရှိတယ်၊ အဲဒါကို အရှုံးခံပြီးတော့ရောင်းပေးတယ်”ဟု ဝန်ကြီးဉီးစိုးထက်မှပြောသည်။

လက်ရှိပလက်ဝမြို့ပေါ်တွင် အစိုးရနဲ့အဖွဲ့အစည်းများမှ ဆန်များထောက်ပံ့ပေးထားသဖြင့် လက်တလော အဆင်ပြေနေသော်လည်း ဆောင်းတွင်းဝင်ရောက်လာသဖြင့် စောင်နဲ့အဝတ်အထည်များ အခက်အခဲရှိနေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူ ဆရာမအောင်မဖြူထံမှ သိရသည်။

“ဒီနေ့မှာတော့ WFP က ပေးပို့ထားတဲ့ ဆန်တွေကိုလှူပေးနေတယ်၊ လတ်တလောအတွက်တော့ ဆန်က အဆင်ပြေမယ့်သဘောရှိတယ်၊ ဒါပေမယ့် ဆောင်းတွင်းရောက်လာပြီ ဒီလကုန်ပြီဆို အရမ်းအေးတော့မှာ၊ အဲဒါကြောင့် စောင်နဲ့အဝတ်အစားပိုင်းမှာတော့ အကူအညီလိုအပ်နေတယ်၊ လောလောဆယ် လှူဒါန်းထားတဲ့အဖွဲ့အစည်းလည်း မရှိသေးဘူး”ဟု ဆရာမအောင်မဖြူမှပြောသည်။

တမ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၃၀၀ ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူတစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...