ဆမီးမြို့တွင် ဆရာဝန်တစ်ဦးမျှမရှိသဖြင့် မီးဖွားမည့် မိခင်များအတွက် အခက်အခဲကြုံရ

ဆမီးမြို့တွင် ဆရာဝန်တစ်ဦးမျှမရှိသဖြင့် မီးဖွားမည့် မိခင်များအတွက် အခက်အခဲကြုံရ

စစ်ဘေးရှောင်ပြည်သူများနှင့် လူဦးရေထောင်ချီရှိသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့တွင် ဆရာဝန် တစ်ဦးမျှမရှိသောကြောင့်မီးဖွားမည့်မိခင်များ အခက်ခဲများစွာကြုံ နေရကြောင်း သိရသည်။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ဆလိုင်းမျိုးထိုက်က “ဆမီးမြို့မှာ ဆရာဝန်မရှိတာကြာပါပြီ  ပလက်ဝမြို့မှာ ဆရာဝန်မရှိတော့ အဲဒီကို ယာယီထားပြီးတော့ နောက်ပိုင်းအခုတော့  ဆမီးမှာ ဆရာဝန်မရှိတာကြာပါပြီ  ပြည်ထောင်စု ဒုဝန်ကြီးကိုလည်း  စာရေးလက်မှတ်ထိုးပြီးတော့ အရေးပေါ်  လိုပြီလို့ အရေးပေါ် စာတင်ထားတာ  ပြည်နယ်အစိုးရဖွဲ့ကိုလည်း တင်ပြပြီးပြီ အရင်က ဝန်ကြီးလာတော့ သူကိုယ်တိုင်လည်း သိပြီးသားပါ  ဒီမှာက စစ်ဘေးရှောင်နဲ့ ပြည်သူလူထု ထောင်နဲ့ချီရှိတဲ့ နေရာမှာ ဆရာဝန်အရမ်းလိုအပ်တာ သိရဲ့သားနဲ့ တစ်ယောက်လောက် ထားပေးသင့်တယ် ကိုယ်ဝန်ဆောင် မိခင်တွေဆိုရင် မီးဖွားချင်ရန် ဒီကနေ မတူပီပို့မယ်ဆိုရင်လည်း လမ်းခရီးဝေးတာကြောင့် ပလက်ဝဖက်ကို လုံခြုံရေးပိုင်းနဲ့ ညှိနှိုင်းပြီးတော့  သွားရတာတွေရှိနေတယ်”ဟုပြောသည်။

ဆမီးမြို့တွင် တိုက်ပွဲရှောင် စခန်း(၅)ခုရှိပြီး အိမ်ထောင်စု (၇၉၅)စု၊ လူဦးရေအားဖြင့် ၃၄၃၆ ဦး တည်ရှိပြီး မြို့ပေါ်နေ ဒေသခံ လူဦးရေ ၄ထောင် နီးနီးနေထိုင်သည့် မြို့ဖြစ်ကြောင်းလည်း သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...