ကလေးမြို့ UDP ပါတီအနေဖြင့် ချင်းပါတီကို ဝန်းရံမည်ဟုဆို

ကလေးမြို့ UDP ပါတီအနေဖြင့် ချင်းပါတီကို ဝန်းရံမည်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ နှင်းဆီပါတီ(ခေါ်) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ပါတီအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကို ဝန်းရံသွားမည်ဟု ကလေးမြို့နယ် UDP ပါတီ ဥက္ကဌ ဦးဟုန်းထန်းကပြောသည်။

ဦးဟုန်းထန်းက “ကျွန်တော်တို့ပါတီထူထောင်လာတယ်ဆိုတာက ကျွန်တော်တို့ အနိုင်ရချင်လို့ ပါတီထူထောင်တာဖြစ်တယ်။ ချင်းပါတီကလည်းအနိုင်ရချင်လို့ ချင်း ပါတီထူထောင်တာဖြစ်သလို အနိုင်ရပြီးရင် ကျွန်တော်တို့ချင်းလူမျိုး၊ ချင်းရှိတဲ့ရပ်ကွက် ၊အုပ်စုတွေကို အတတ်နိုင်ဆုံး ပါဝင်ပြီး ဖွံ့ဖြိုးပေးဖို့ အတွက် ကျွန်တော်လည်း ချင်းတိုင်းရင်းသားဖြစ်အတွက် ချင်းပါတီကိုလည်းနှစ်သက်ပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ နှင်းဆီပါတီကမဲထည့်မဲ့ ချင်းလူမျိုး ၄၈၀၀၀ နဲ့ဝန်းရံပေးမှာဖြစ်ပါတယ်” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့ညနေပိုင်းက ကလေးမြို့နယ် CNLD ပါတီရုံးတွင် နှစ်ဖက်ပါတီမှ တာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။

ကလေးြမို့နယ်တွင် ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) တွင် ပါတီဝင်အင်အား ချင်းလူမျိူး ၄၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။

UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။

ထို့နောက် UDP ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...