စေတီပြင် မေယုတောင်အထက်နန်းရာကျော်လမ်းတွင် တိုက်ပွဲ ဖြစ်ပွား

စေတီပြင် မေယုတောင်အထက်နန်းရာကျော်လမ်းတွင် တိုက်ပွဲ ဖြစ်ပွား
မေယုတောင် အထက်နန်းရာတောင်ကျော်လမ်းကို ၂ဝ၁၉ ဖောက်လုပ်နေစဉ်က မြင်တွေ့ရစဉ်
မေယုတောင် အထက်နန်းရာတောင်ကျော်လမ်းကို ၂ဝ၁၉ ဖောက်လုပ်နေစဉ်က မြင်တွေ့ရစဉ်

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အနောက်ပိုင်း စေတီပြင်ကျေးရွာအနီးရှိ အထက်နန်းရာ တောင်ကျော်လမ်းတွင် အောက်တိုဘာ ၂၆ ရက်နေ့ နံနက်က ၈ နာရီကျော်မှ စတင်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ ဟိုမောင်တောမြို့နယ် ကျောက်ပန်းတူဘက်က လာရင် ဒေသခံတွေ အခေါ် ဂျပန်မြောင်ဆိုတာရှိတယ်။ အဲဒီနားလောက်မှာ အေအေနဲ့ တပ်မတော်နဲ့ တိုက်ပွဲနဲ့ ဖြစ်နေတယ်လို့ ကြားရပါတယ်။ ပစ်ခတ်သံတွေကိုတော့ ကျနော်တို့ရွာက ကြားနေရပါတယ်” ဟု ချွတ်ပြင် ကျေးရွာလူကြီး တစ်ဦးက ပြောသည်။

၎င်းနောက် သေနတ်သံများ အထက်နန်းရာတောင်ကျော်လမ်း နေရာနှစ်ခုတွင်ထပ်မံကြားခဲ့ရကြောင်း  ၎င်းက ဆိုသည်။

“ မနက် ၁၁ နာရီလောက်မှာတော့ သေနတ်သံတိတ်သွားပါတယ်။ ရွာသားတွေကတော့ တိုက်ပွဲဖြစ်ရင် ကြောက်ရပါတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာတော့ မပြောနိုင်ဘူး” ဟု ပြောဆိုသည်။

၎င်းပြင် မေယုမြစ်ထဲ မင်းကျွန်းအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားပုံရပြီး ဇက်ရေယာဉ်ပေါ်မှ ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ တိုက်ပွဲဖြစ်တယ်။ မေယုတောင် အထက်နန်းရာ တောင်ကျော်လမ်းမှာ ဖြစ်တယ်။ လမ်းမှာ ရွာတွေမရှိတော့ အတိအကျ သတင်း မသိရဘူး။ တော်တော်ခေါင်တဲ့ နေရာတွေ။ သေနတ်သံကြားရတာလောက်ပဲ သိတယ်။ ဟိုဘက် အနောက်ဘက် ကျောက်ပန်းတူ လမ်းဝမှာ တစ်နေရာဖြစ်တယ်။ အရှေ့ဘက်က စေတီပြင်ဘက် အထက်နန်းရာ ချောင်းမှာလည်းတစ်နေရာ ဖြစ်တယ်။ ဒီလိုဘဲကြားပါတယ်” ဟု ပြောကြားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...