မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲဖျက်သိမ်းခံရတာ RCSS/SSA လုပ်ရပ်လို့ TNP ပါတီက တာဝန်ရှိသူ မိုင်အိုက်ပီး စွပ်စွဲဆိုတဲ့ သတင်းအမှား

မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲဖျက်သိမ်းခံရတာ RCSS/SSA လုပ်ရပ်လို့ TNP ပါတီက တာဝန်ရှိသူ မိုင်အိုက်ပီး စွပ်စွဲဆိုတဲ့ သတင်းအမှား
by -
NMG

မိုင်းကိုင်မြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပရေး ဖျက်သိမ်းခံရတာ RCSS/SSA ရဲ့လုပ်ရပ်လို့ တအာင်း (ပလောင်) ပါတီ (TNP) ထဲက တာဝန်ရှိသူ မိုင်းအိုက်ပီးက စွပ်စွဲတယ်ဆိုတဲ့သတင်းကို ရှမ်းပြည်သတင်းစုံ Facebook Like Page မှာ အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၃ မိနစ်မှာ ရေးတင်ထားတာကို တွေ့ရပါတယ်။

ဒါဟာ သတင်းအမှားသာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုင်းအိုက်ပီးဆိုသူဟာ တအာင်း (ပလောင်) အမျိုးသားပါတီ TNP ပါတီထဲမှာမရှိတဲ့အတွက် အဲဒီပြောဆိုရေးသားချက်ဟာ မှန်ကန်မှုမရှိဘူးလို့ ဆိုနိုင်ပါတယ်။

မိုင်းကိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၂) တွင် ဝင်ပြိုင်မည့် TNP ပါတီမှ ကိုယ်စားလှယ်လောင်း မိုင်းအောင်ခမ်းပြောတာကတော့ “မိုင်းအိုက်ပီးဆိုတာကတော့ ကျနော်တို့ TNP မိုင်းကိုင်မှာကတော့ မရှိထားဘူးပေါ့နော။ ဆိုရှယ်မီဒီယာခောတ်ဆိုတော့ ဒီလိုပဲ တစ်ခုပြီးတစ်ခု တစ်ယောက်ပြီးတစ်ယောက် နာမည်သုံးပြီး သုံးစွဲတာတော့ ဒါက ကျနော်တို့ TNP မှ မဟုတ်ပါဘူး။ ဆိုတော့ ဒါကတော့ ကောင်းတဲ့ လုပ်ရပ်ရယ်လို့တော့ မဟုတ်ဘူးပေါ့နော်” လို့ပြောပါတယ်။

သတင်းအမှားဖြန့်ဝေသူတွေဟာ ပါတီဝင်မဟုတ်တဲ့ နာမည်တွေအသုံးပြုပြီး တခြားပါတီတွေကိုလည်း ယခုလိုပုံစံမျိုး လုပ်ဆောင်နေတာတွေလည်း ရှိနိုင်တယ်လို့ မိုင်းအောင်ခမ်းက ပြောပါတယ်။

မိုင်းအိုက်ပီးဆိုသူကို ရှာကြည့်လိုက်တဲ့အခါမှာတော့ သူဟာ TNP ပါတီကမဟုတ်ပဲ (ကမ္ဘေဇ Kan Baw Za) Facebook Like Page မှာ မိုင်းကိုင်မြေမှ နိုင်ငံသားအခွင့်အရေးကို ဆုံးရှုံးအောင်ဖန်တီးပေးခဲ့တဲ့ RCSS/SSA ဆိုတဲ့စာကို ရေးတင်ထားသူဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိရပါတယ်။

အဲဒီစာကို အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ရေးတင်ထားတာကို တွေ့ရပါတယ်။

ရှမ်းပြည်သတင်းစုံ Facebook Like Page မှရေးတင်ထားတဲ့ အကြောင်းအရာကို ဖြန့်ဝေသူ ၁၂၇ ယောက်၊ ကြိုက်နှစ်သက်သူ ၁၃၈ ယောက်၊ Comment ရေးသားသူ ၅၉ ယောက်ရှိတာကို တွေ့ရပါတယ်။

မိုင်းအိုက်ပီးဆိုသူက (ကမ္ဘေဇ Kan Baw Za) Facebook Like Page မှာ ရေးတင်ထားတဲ့ အကြောင်းအရာကိုတော့ ဖြန့်ဝေသူ ၂၁၉ ယောက်၊ ကြိုက်နှစ်သက်သူ ၁၂၀ ယောက်၊ Comment ရေးသားသူ ၃၃ ယောက်ရှိတယ်ဆိုတာကို တွေ့ရပါတယ်။

(ကမ္ဘေဇ Kan Baw Za) Facebook Like Page နဲ့ ရှမ်းပြည်သတင်းစုံ Facebook Like Page တို့ရဲ့ အဆိုပါ အရေးအသားတွေဟာ လူမျိုးတစ်မျိုးနှင့်တစ်မျိုးကို မုန်းတီးအောင် လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာ ပဋိပက္ခပိုမိုဖြစ်စေတဲ့ အရေးသားဖြစ်တယ်ဆိုတာကို Page တွေရဲ့ အရေးအသားအောက်က Comment တွေကိုကြည့်မယ်ဆိုရင် တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် သတင်းအမှားတွေကို သတင်းအမှန်ပုံစံနဲ့ ရှု့ထောင့်အမျိုးမျိုးကနေ ရေးသားနေတာဟာ ရွေး ကောက်ပွဲရောက်ခါနီးမှာ ပိုမိုတွေ့ရှိနေရပြီး အဲဒီသတင်းတွေကနေတစ်ဆင့် လူမျိုးရေး မုန်းတီးမှုတွေ၊ ပဋိပက္ခတွေ ပိုမိုဖြစ်စေတဲ့အတွက် သတင်းတွေကို ထပ်ဆင့်ဖြန့်ဝေမယ်ဆိုရင် သေချာစဉ်းစားပြီးမှ ဖြန့်ဝေပေးခြင်းအားဖြင့် ချစ်ခြင်းမေတ္တာပြည့်ဝတဲ့ လူမှုအသိုင်းအဝိုင်းကို အတူတကွ တည်ဆောက်ကြရအောင်နော်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...