ရခိုင်ပြည်နယ်သို့ဝင်ရောက်သည့် ကုန်တင်ယာဉ်မောင်း ၁၀၀ ကျော် ကိုဗစ်ပိုးစစ်ဆေးရာ ၈ ဦးပိုးတွေ့

ရခိုင်ပြည်နယ်သို့ဝင်ရောက်သည့် ကုန်တင်ယာဉ်မောင်း ၁၀၀ ကျော် ကိုဗစ်ပိုးစစ်ဆေးရာ ၈ ဦးပိုးတွေ့

မျိုးသီရိကျော် — ရခိုင်ပြည်နယ်သို့ဝင်ရောက်နေသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သူ ၁၀၀ ကျော်အား ကိုဗစ်ပိုး ရှိ၊ မရှိစစ်ဆေးရာ ယာဉ်မောင်း ၈ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကားသမားများအား စစ်ဆေးရာ၌ အချိန်တိုအတွင်း အဖြေသိရှိနိုင်ရန်အတွက် (Rapid Antigen Test Kit) ခေါ်သောစက်ဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် DMG သို့ပြောသည်။

စစ်တွေအဝေးပြေးကားဂိတ်က ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်သူ ၇၃ ဦးအား စစ်ဆေးရာတွင် ၄ ဦး ပိုးတွေ့ပြီး ကျောက်ဖြူမြို့ အဝေးပြေးကားဂိတ်မှ ၃၀ ကျော်ကိုစစ်ဆေးရာတွင် ၄ ဦးပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကူးသန်းရောင်းဝယ်ရေးဌာနကို ဆေးစစ်ဆေးချင်တယ်ဆိုပြီး စာတင်ထားတဲ့ ကားသမားတွေအကုန်လုံးကို စစ်ဆေးတာပါ။ ဘယ်ကားဂိတ်ကလည်း ဆိုတာတော့မသိဘူး၊ အကုန်လုံးက ကားသမားတွေပါပဲ။ အခုတော့ ပိုးတွေ့တဲ့သူတွေကို ဆေးရုံကိုပို့ထားပြီး ပို့မတွေ့တဲ့သူတွေကိုတော့ ၂ ပတ်ခရီးသွားလို့ရတဲ့ ကိုဗစ်ပိုးမရှိဘူး ဆိုတဲ့ ထောက်ခံစာရပြီးရင် ခရီးသွားလို့ရပါပြီ။ ၁၄ ရက်ပြီးရင်တော့ ပြန်စစ်မယ်ပေါ့” ဟု ဒေါက်တာစိုးဝင်းပိုင်က ရှင်းပြသည်။

ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်ကို ကိုဗစ်ပိုး ရှိ၊ မရှိစစ်ဆေးရာတွင် ငွေ ၂သောင်းကျော် ပေးဆောင်ရကြောင်း စစ်တွေ-မန္တလေး ကုန်စည်သယ်ယူပို့ဆောင်နေသည့်  ကေသီဦးကားဂိတ်မှူး ဦးမောင်ဝင်းချေက ပြောသည်။

“အခုလို စစ်ဆေးပေးတာတော့ကောင်းပါတယ်။ တစ်ခါစစ်ဆေးရင် ပိုက်ဆံပေးနေရတယ်ဆိုတော့ နောက်အချိန်တွေရောက်လာရင် ကားသမားတွေအနေနဲ့လည်း ငွေကြေးအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက် ပိုက်ဆံနည်းနည်းလောက်သာယူစေချင်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိစစ်တွေမြို့တွင် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရန်အတွက် မလိုအပ်ပဲအပြင်မထွက်ကြရန် ကြေငြာ ထားပြီး မဖြစ်မနေထွက်မည့်သူများအနေဖြင့်လည်း အပြင်ထွက်ကဒ်ပြားဖြင့် သွားလာခွင့်ပြုထားသည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၈ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း ၁၈၈၂ ဦးအထိရှိပြီး ယင်းအထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ ၁၅၄၄ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၂၇၁ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...