စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ရေနစ်သူတစ်ဦး အလောင်းတွေ့ရှိ

စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ရေနစ်သူတစ်ဦး အလောင်းတွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းအတွင်း ရေနစ်သွားသူ အမျိုးသား တစ်ဦး၏ အလောင်းကို အောက်တိုဘာ ၈ ရက် နေ့လယ် ၁ နာရီခန့်က တွေ့ရှိရကြောင်း သတင်းရရှိသည်။

အဆိုပါ အလောင်းမှာ စက်ရုံစုရပ်ကွက်နေ ဦးကြာထွန်း (၅၉) နှစ်ဖြစ်ပြီး ၎င်းမှာ ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့က ဆတ်ရိုးကျချောင်းအတွင်း သဗ္ဗာန်မောင်းနေစဉ် ရေနစ်သွားခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်မဲမချေက ပြောသည်။

“သဗ္ဗာန်နဲ့ ဆတ်ရိုးကျချောင်းရဲ့ ဟိုဘက်ဒီဘက် လူတွေကို ပို့ပေးတာပေါ့။ အဲဒီမှာ ကျွန်မယောက်ကျား ရေနစ်နေတယ်လို့ ကြားလို့ ကျွန်မတို့ သွားကြည့်ကြတယ်။ သူနဲ့အတူ အဖော်ပါသွားတဲ့ ကောင်လေးက ကယ်ဖို့ လုပ်နေရင်း မကယ်နိုင်လိုက်ဘူး။ ကျွန်မတို့လည်း ကမ်းကပဲ ကြည့်နေနိုင်လိုက်တယ်။ ဘာကြောင့်ရေထဲပြုတ်ကျသွားတယ်ဆိုတာ မသိရဘူး” ဟု နိရဉ္စရာသို့ ပြောသည်။

အလောင်းမှာ နေ့လယ် ၁ နာရီက ယင်းချောင်းအတွင်း ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။

စစ်တွေမြို့ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယင်း အလောင်းအား ကားဖြင့် စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာခဲ့ပြီဖြစ်ကြောင်း ယနေ့ နေ့လယ် ၂ နာရီ နိရဉ္စရာသို့ ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူက “ကျွန်တော်တို့ ၁ နာရီခွဲလောက်မှာ သတင်းရလို့ ကားနဲ့ သွားပြီး အလောင်းကို သွားတင်ပါတယ်။ အလောင်းက အခု ဆေးရုံမှာ ရောက်နေပါပြီ။ ရင်ခွဲရုံမှာ ပို့ထားပါတယ်။” ဟု ပြောသည်။

Most read this week

August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...
ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...