နယ်မြေလုံခြုံရေးအရ စက်သုံးဆီသယ်ယူ၍မရသောကြောင့် ပလက်ဝမြို့အမှောင်ကျနေဆဲ

နယ်မြေလုံခြုံရေးအရ စက်သုံးဆီသယ်ယူ၍မရသောကြောင့် ပလက်ဝမြို့အမှောင်ကျနေဆဲ

နှင်းနှင်း – နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဆမီးမြို့တွင်သောင်တင်နေသော ဒီဇယ်ဆီများ သယ်ယူ၍ မရသေးသည့်အတွက် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမဖြန့်ဖြူးပေးနိုင်သေးကြောင်း ပလက်ဝမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူး ဦးအောင်လောဟာကပြောသည်။

“ မီးက ခုထိမပေးနိုင်သေးဘူး၊ ဆီသယ်လို့မရလို့ဘူး၊ လမ်းပန်းဆက်သွယ်ရေးရော လုံခြုံရေးအရရော သွားလို့လာလို့ မလွတ်လပ်တာလည်းပါတယ် ” ဟု ဦးအောင်လောဟာကပြောသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသော်လည်း ဒီဇယ်ဆီပြတ်လတ်သွားသည့်အတွက် အောက်တိုဘာလ ၁ ရက်နေ့စ၍ ဓာတ်အားဖြန့်ဝေမှုပြတ်တောက်သွားခဲ့ခြင်းဖြစ် သည်။

ပလက်ဝမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အသုံးပြုရန် ဒီဇယ်ပေပါ (၁၂၀) လုံးသည် ဆမီးမြို့တွင် သောင်တင်နေပြီး နယ်မြေလုံခြုံရေးအခြေအနေကြောင့် ယခုချိန်ထိ သယ်ယူရန်အခက်အခဲရှိနေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမရရှိကြတော့သည့်အတွက် မြိုခံပြည်သူများလည်း အခက်ကြုံနေကြရ သည်ဟု ပလက်ဝမြို့ဒေသခံ ဆရာမအောင်မဖြူကပြောသည်။

“ မီးမရတာ ( ၇) ညရှိပြီ ဆိုလာမီးရှိတဲ့သူတွေက အဆင်ပြေတယ်၊ ဆိုလာမရှိတဲ့သူတွေက အဆင်မပြေဘူး မီးက အခက်အခဲဖြစ်နေတယ်၊ ပြီးတော့ လျှပ်စစ်ကိုအသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေလည်း အကုန်ထိခိုက်ကုန်တယ်” ဟု ဆရာမအောင်မဖြူကပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA ) တို့ စစ်ဖြစ်ပွားရာဒေသဖြစ်ပြီး နယ်မြေတည် ငြိမ်မှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် လျှပ်စစ်မီး ပြတ်တောက်မှုမကြခဏဖြစ်ပွားလေ့ရှိသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...