စစ်တွေဆေးရုံတွင် စိုးရိမ်ရသည့် ကိုဗစ်လူနာများကို ရောဂါပျောက်ကင်းသွားသူများ၏ သွေးရည်ကြည်ဖြင့် ကုသမည်

စစ်တွေဆေးရုံတွင် စိုးရိမ်ရသည့် ကိုဗစ်လူနာများကို ရောဂါပျောက်ကင်းသွားသူများ၏ သွေးရည်ကြည်ဖြင့် ကုသမည်

သက်ပိုင် — ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးမှ အောက်စီဂျင်ပေးကာ ကုသနေရသည့် ကိုဗစ်လူနာများအား စစ်တွေမြို့ နယ်မှ ကိုဗစ်ရောဂါပိုး ပျောက်ကင်းသွားသူ၏ သွေးရည်ကြည်ဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း စစ်တွေဆေးရုံ တာဝန်ရှိသူထံမှ သိရသည်။

လက်ရှိတွင် အထူးကုသကြပ်မတ်ဆောင်တွင် ကုသပေးနေရသည့် စိုးရိမ်လူနာနှစ်ဦးအနက် တစ်ဦးကို စမ်းသပ်ကုသပေးထားပြီဖြစ်ကာ ရလဒ်အခြေနေကောင်းမွန်လျက်ရှိပြီး ပြင်းထန်လူနာအားလုံးကို ထိုကဲ့သို့ သွေးရေကြည်ဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ် ဒေါက်တာဇော်လွင်က ဆိုသည်။

“သွေးရည်ကြည်ယူတဲ့လူက ရောဂါပြင်းထန်ပြီး ပြန်ကောင်းသွားတဲ့လူဖြစ်ရမယ်၊ နောက်ပြီး ဆေးရုံမှာ နှစ်ပတ်ကျော်နေခဲ့တဲ့လူဖြစ်ရမယ်။ ကျွန်တော်တို့က ရန်ကုန်က ပြည့်သူ့ကျန်းမာရေးဌာနက သွေးရည်ကြည် ယူဖို့ကျတော့ လေယာဉ်မရှိတဲ့အတွက် အခုလိုစစ်တွေက ပြန်ကောင်းသွားတဲ့လူကို ရှာလိုက်တာပါ။ တွေ့လည်း တွေ့ပါတယ်။ သူတို့ကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ လှူပါတယ်”ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် လက်ရှိတွင် စစ်တွေမြို့၌ ကိုဗစ်ပိုးတွေ့လူနာများမှာနေ့စဉ် တိုးနေဆဲဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို တိကျစွာလိုက်နာရန် လိုအပ်သေးကြောင်းကိုလည်း ဒေါက်တာဇော်လွင်က ဆိုသည်။

“အဓိက စစ်တဲ့ဟာတွေကို ရန်ကုန်ပို့တာပေါ့။ ဒီမှာလည်း စစ်တာတော့ရှိတာပေါ့။ ဒါပေမယ့် ရန်ကုန်ပို့တဲ့အခါ ကျတော့ လေယာဉ်ကမရှိဘူး။ အဲ့ဒီအခါကျတော့ စုပြီးတော့ပို့ရတယ်။ အဲ့အခါကျတော့ ပိုးတွေ့လူနာက တစ်ခါတလေ များသွားလိုက် နည်းသွားလိုက် ဖြစ်နေတာပေါ့၊ ပုံမှန်ကတော့ တစ်ရက်ကို ၁၀ ယောက်နဲ့ အယောက် ၂၀ ကြားမှာတော့ တွေ့နေတဲ့အနေထားမှာ ရှိနေသေးတယ်”ဟု ၎င်းကပြောသည်။

အောက်တိုဘာလ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ထုတ်ပြန်ချက်များအရ စစ်တွေတွင် ကိုဗစ်ပိုးတွေ့လူနာ ၉၄၇ ဦးရှိပြီဖြစ်ကာ ယင်းအနက်မှဆေးရုံမှ ဆင်းခွင့်ရရှိသူ ၈၀၃ ဦးရှိဖြစ်ကာ သေဆုံးသူ ၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သွေးရည်ကြည်နှင့် ကုသခြင်းမှာ ရောဂါအပြင်းအထန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်သွားသူများ၏ သွေးရည် ကြည်ကိုရယူပြီး လက်ရှိတွင် ၎င်းနှင့်သွေးအမျိုးစားတူသည့် ရောဂါပြင်းထန်နေသူ၏ ခန္ဓာကိုယ်ကိုသွင်းပြီး ကုသခြင်းမျိုးဖြစ်သည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...