ဆမီးမြို့မှပလက်ဝမြို့သို့ စားနပ်ရိက္ခာများ ယခုရက်ပိုင်းအတွင်း ပို့မည်ဟုသိရ

ဆမီးမြို့မှပလက်ဝမြို့သို့ စားနပ်ရိက္ခာများ ယခုရက်ပိုင်းအတွင်း ပို့မည်ဟုသိရ

မြန်မာ့တပ်မတော်မှ လုံခြုံရေးယူပြီး ဆမီးမြို့မှ ဆန်နှင့် စားနပ်ရိက္ခာများကို ဆန်နှင့် အခြားစားနပ်ရိက္ခာ ပြတ်လပ်နေသည့် ပလက်ဝမြို့သို့ ယခုရက်ပိုင်းအတွင်း ပို့ဆောင်သွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူစည်ပင်ဝန်ကြီးဦးစိုးထက်က ပြောပါသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပြည်နယ်အစိုးရအနေနဲ့ ဆမီးကို ဆက်တိုက် ဆန်တွေကိုပို့နေတယ် ဆမီးကနေ ပလက်ဝကို ပို့ပေးနိုင်ဖို့ ဆမီးမှာရှိတဲ့ ဆန်တွေကို ပို့ဖို့လုပ်တယ် ဒါပေမဲ့ လုံခြုံရေးအရ ပို့လို့မရနိုင်သေးဘူး ဆမီးကနေ ပလက်ဝကို ၄၂ မိုင်ဘဲရှိတယ် ဒါကို လုံခြုံရေးအခြေအနေကြောင့် ပို့လို့မရဘူး ပြည်ထောင်စုကို တင်ပြပြီးတော့ ပြည်ထောင်စုကနေ လုံခြုံရေးအစီမံနဲ့မှ ပို့လို့ရနိုင်မယ့် သဘောဖြစ်တယ်။ ဒီရက်ပိုင်းအတွင်းကို ပို့နိုင်ဖို့လုပ်နေတယ်”ဟုပြောသည်။

 

ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကပ်ဘေးနှင့် စစ်ပွဲတို့ကြောင့် အသွားအလာကန့်သတ်ထားသည့်အတွက် ရောင်းစရာဆန်မရှိတော့ဘဲ စားသောက်ကုန်များလည်း စျေးအဆမတန်မြင့်တတ် သွားကြောင်း ဒေသခံများကပြောပါသည်။

ချင်းနေရပ်စွန့်ခွာပြည်သူ ထောက်ပံ့ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်အောင်က “လက်ရှိဆန်တွေ လုံးဝပြတ်လပ်တော့မဲ့ အနေထားမှာ ရောက်နေတယ် ကော်မတီကနေ ပေးနိုင်ဖို့ကလည်း တော်တော်လေးအခတ်ခဲ ရှိနေသေးတယ် လမ်းကြောင်းကလည်း မြန်မာ့တပ်မတော်က ကူညီမှဘဲ အဆင်ပြေမယ့်အနေအထားမှာရှိတယ်”ဟုပြောသည်။

လက်ရှိ လက်နက်ကိုင် ပဋိပက္ခများကြောင့်၊ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့်၊ပလက်ဝမြို့နယ်အတွင်း အသွားအလာကန့်သတ်ခြင်းတို့ကြောင့် အောက်တိုဘာလထဲတွင် ဆန်ပြတ်လပ်သည့် အခြေနေကြုံရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...