ရခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားနှစ်ဦး ထောင်၂ နှစ်ချမှတ်ခံရ၊ ကျောင်းသားတွေဖမ်းဆီးခံရပေမယ့် လှုပ်ရှားမှုဆက်လုပ်မယ်လို့ ဗကသပြောဆို

ရခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားနှစ်ဦး ထောင်၂ နှစ်ချမှတ်ခံရ၊ ကျောင်းသားတွေဖမ်းဆီးခံရပေမယ့် လှုပ်ရှားမှုဆက်လုပ်မယ်လို့ ဗကသပြောဆို

ရခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားနှစ်ဦး ထောင် ၂ နှစ်ချမှတ်ခံရတဲ့အပြင် ကျောင်းသားတွေကို ဆက်တိုက်ဖမ်းဆီးခံရတာရှိပေမယ့် ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး ဆက်လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်မယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ကြေညာလိုက်တယ်လို့ သိရပါတယ်။

ထောင် ၂ နှစ်ချမှတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကတော့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင် အဖွဲ့မှ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်နဲ့ သက်မွေးပညာရပ်ဆိုင်ရာ အတွင်းရေးမှူး ကိုစိုးလှနိုင်တို့ ဖြစ်ကြပါတယ်။

သူတို့ကို စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၅ (က) ၊ (ခ) တို့ဖြင့် အောက်တိုဘာ ၂ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့  ဗကသ ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက မီဒီယာတွေကို  ပြောဆိုပါတယ်။  

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိနေတဲ့  စစ်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ ဗကသ ကျောင်းသား အများအပြား ဖမ်းဆီးခံထားရပေမယ့် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မကြာမီကာလအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောဆိုပါတယ်။

“ ကျွန်တော်တို့အနေနဲ့ ဒါကိုတော့ ကြိုပြီးတွက်ထားတယ်။ အဖမ်းခံရမယ်။ ဝရမ်းထုတ်ခံရမယ်။ ပြေးရမယ်လွှားရမယ်ဆိုတာ ကြိုပြီးသိတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုတွေကို တစ်နည်းမဟုတ်တစ်နည်း ဆက်လုပ်သွားမှာပါ” လို့ ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုပါတယ်။

အခု ထောင်ချခံရတဲ့ ကျောင်းသား  ၂ ဦးအပါအဝင် ကျန်တဲ့ရဲဘော် ၁၃ ဦးကို ချမ်းအေးသာဇံ မြို့နယ်တရားရုံးမှာ ပုဒ်မ ၁၉ နဲ့ သဘာဝဘေးအန္တရာယ်ဥပဒေ ပုဒ်မ ၂၅ နဲ့လည်း စွဲထားတယ်လို့ သိရပါတယ်။

အခုလို ဖမ်းဆီးထောင်ချမှုတွေ ရှိနေပေမယ့် မနေ့က အောက်တိုဘာ ၃ ရက်နေ့မှာ မန္တလေးတိုင်း လွှတ်တော်ဆိုင်းဘုတ်အပါအဝင် မန္တလေးကျုံးအနီး စစ်ပွဲဆန့်ကျင်ရေးဆန့်ကျင်ရေး  စတစ်ကာများ ကပ်ပြီး ဗကသ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...