ချင်းပြည်နယ်ဒုတိယအကြိမ်မဲစာရင်းပထမအကြိမ်မဲစာရင်းထက် ၁သောင်းကျော်လျော့နည်း

ချင်းပြည်နယ်ဒုတိယအကြိမ်မဲစာရင်းပထမအကြိမ်မဲစာရင်းထက် ၁သောင်းကျော်လျော့နည်း

Salai Shing Mang — ၂၀၂၀ ပါတီစုံရွေးကောက်ပွဲအတွက် ချင်းပြည်နယ် မဲစာရင်းကို ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ဒုတိယအကြိမ်ပြန်လည်ကပ်ထားပြီး မဲထည့်မည့်ဦးရေ ၃၃၁၆၉၈ဦးရှိပြီး ပထမအကြိမ်မဲစာရင်းထက်၁သောင်းကျော်လျော့နည်းသွားကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။

“ကျွန်တော်တို့ စီစစ်ပြီးတော့ ပုံစံ(၃)နဲ့လျှောက်တဲ့သူပြန်ဖြည့်ရတဲ့ဟာရှိတယ်။ ပုံစံ(၄)နဲ့ ကန့်ကွက်တဲ့သူ ပြန်ဖြုတ်ရတဲ့သူရှိတယ်၊ ပြီးတော့ တစ်အိမ်တက်ဆင်း ပြန်လုပ်ကျသေးတယ်၊ရပ်ကွက်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်နဲ့အုပ်ချုပ်ရေးပိုင်းနဲ့ပေါင်းပြီးတော့ပေါ့၊လုပ်တဲ့အခါမှာမတွေ့တော့တဲ့လူတွေပါရှိတယ်၊ ပြန်ဖြုတ်ရတဲ့ဟာတွေရှိတယ်၊ တစ်ချို့ကတော့ရူးသွပ်တဲ့လူတွေပါနေတော့ ကန့်ကွက်တဲ့သူတွေလည်း မရှိပဲနဲ့လည်း၊ အဲဒီလူတွေကိုကျွန်တော်တို့ ပြန်ဖြုတ်ရတယ်ပေါ့။ Door to door လုပ်ပြီးတော့ စီစစ်တဲ့အခါမှာ မလျှောက်ပဲနဲ့ ကျန်နေသေးတဲ့ လူတွေကိုလည်းပြန်ထည့်တယ်၊ ပထမအကြိမ်မဲကပ်တဲ့အခါမှာ ပုံစံ(၄)နဲ့ ပြန်ဖြုတ်တဲ့ဟာတွေလည်းရှိတယ်၊ပြီးတော့မြေပြင်မှာဖြုတ်သင့်တဲ့လူတွေကိုဥပဒေအရပြန်ပြီးပယ်ဖျက်လိုက်တဲ့ဟာတွေရှိတယ်၊အဲဒီနှစ်ခုခြားနားလိုက်တဲ့အခါမှာလျော့သွားတယ်ပေါ့ “ ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။

ပထမအကြိမ်မဲစာရင်းကပ်ထားချိန်တွင် မဲစာရင်းတွင် ကျား ၁၅၉၆၂၅ ဉီး မ ၁၇၂၀၇၃ ဦး စုစုပေါင်း ၃၄၂၁၃၇ ဦး ရှိပြီး ၊ယခုဒုတိယအကြိမ် ကပ်ထားချိန်တွင် ၃၃၁၆၉၈ ဦး ရှိပြီး မဲစာရင်းတွင်ပါရှိသူဦးရေ ၁သောင်းကျော်လျော့နည်းသွားကြောင်းသိရသည်။

ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲစာရင်းဒုတိယအကြိမ်ပြန်လည် ကပ်ထားကြေညာပြီး ယနေ့ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး နာမည်စာရင်းမပါပါက ပုံစံ(၃) ဖြင့် ပြန်လည်လျှောက်ထားလို့ ရကြောင်းလည်းသိရသည်။

ဦးလင်းကျော်မှဆက်ပြီး “မြို့နယ်ကော်မရှင်ရယ်၊ရပ်ကျေးကော်မရှင်ရယ်လုပ်ပိုင်ခွင့်အရထပ်ဖြည့်တဲ့ဟာတွေလည်းရှိတယ်၊အဲတာတွေအပေါ်မူတည်ပြီးတော့ထပ်ပြီးတော့ကပ်ပေးတာပေါ့၊တိုးလာတာလည်းရှိတယ်၊ လျော့သွားတဲ့ဟာရှိတယ်ပေါ့၊အဲဒီအပေါ်မူတည်ပြီးတော့အခုလက်ရှိမပါသေးဘူးဆိုတဲ့မဲဆန္ဒရှင်တွေကတကယ်နဂိုဒေသမြို့နယ်မှာနေထိုင်တဲ့လူတွေလား၊အိမ်ထောင်စုစာရင်းတွေရှိတဲ့မဲဆန္ဒရှင်တွေလားပေါ့နော်။ အဲဒီလူမျိုးဆိုရင်ပုံစံ(၃)နဲ့လျှောက်လို့ရပါတယ်။ အဲလိုမှမဟုတ်ပဲနဲ့အိမ်ထောင်စုစာရင်းတွေကဒီမှာမရှိဘူး၊တစ်ခြားနေရာဒေသကနေလုပ်ငန်းသဘောအရလည်းရောက်ရှိလာကြတဲ့မဲဆန္ဒရှင်တွေဖြစ်တယ်ဆိုရင်တော့၊ရက်ပေါင်း(၉၀)နေထိုင်ပြီးသားဆိုရင်တော့ပုံစံ(၃)(က) နဲ့လျှောက်ရမှာပါ “ ဟု ပြောသည်။

၂၀၂ဝပါတီစုံဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲကိုနိုဝင်ဘာ(၈)ရက်တွင်ကျင်းပမည်ဖြစ်ပြီးချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲအတွက် မြို့နယ်နှင့် ကျေးရွာအလိုက် မဲရုံပေါင်း ၁၁၁၄နေရာထိ ပြင်ဆင်လျက်ရှိကြောင်းလည်း သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...