ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် ချင်းလူမျိုး ၂၄၅ ဦးထက် မနည်းမှ အဝေးရောက်ကြိုတင်မဲပေးမည်

ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် ချင်းလူမျိုး ၂၄၅ ဦးထက် မနည်းမှ အဝေးရောက်ကြိုတင်မဲပေးမည်

နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား တရားဝင်သွားရောက်သည့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများမှလည်း မဲပေးခွင့် ရှိကြပြီး၊ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော ချင်းလူမျိုး (၂၄၅) ထက်မနည်းမှ ကြိုတင်မဲပေးကြမည်ဖြစ်သည်ဟုသိရသည်။

စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော စာရင်းအင်းများအားလေ့လာရာတွင် ချင်းလူမျိုးများ၏ အမည်စာရင်းများကို Chin World Media မှ မြန်မာပြည် အနှံ့ ချင်းလူမျိုးများနေထိုင်သော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေး၊ ကလေးဝ၊ တမူး၊ မုံရွာနှင့် ဟုမ္မလင်း၊ မကွေးတိုင်းဒေသကြီးမှ သရက်၊ ဆော၊ မင်းတုန်း၊ ငဖဲ၊ အောင်လံ၊ စေတုတ္တရာ၊ သရက်နှင့် ဂန့်ဂေါ၊ ပဲခူးတိုင်းဒေသကြီးမှ ပြည်၊ ပေါက်ခောင်းနှင့် ပန်းတောင်မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များစာရင်းအား ဖတ်ရှု့လေ့လာကာ ရေးသားထားခြင်းဖြစ်သည်။

ချင်းပြည်နယ်မှ အဝေးရောက် ကြိုတင်မဲပေးရန် စာရင်းပေးထားသူ (၁၂) ဦးသာရှိပြီး၊ အများဆုံးစာရင်းပေးသွင်းထားခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ (၁၃၇) ဦးနှင့် တမူးမြို့နယ်မှ ၂၉ ဦးတို့ဖြစ်သည်။ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေထိုင်သော ချင်းလူမျိုးများ၏ အမည်အများစုမှာ ဗမာအမည်များနှင့် ဆင်တူသဖြင့်၊ ချင်းလူမျိုး၊ ချင်းရွာမှဖြစ်သည်ဟု သေချာစွာ ဖော်ထုတ်နိုင်ခြင်းမှာ- ၂၃ ဦးသာဖြစ်သည်။

စင်္ကာပူနိုင်ငံတွင် နေထိုင်သော ချင်းလူမှုရေးလှုပ်ရှားမှုများတွင် ဦးဆောင်သူ တဦးမှ “ဒီမှာ ချင်းလူမျိုး ခန့်မှန်းချေက ၂၅၀၀ လောက်ရှိမယ်လို့ပြောနိုင်မယ်။ ဒီနှစ်က Covid ကိစ္စကြောင့်ရော၊ ဒီမဲကိစ္စအတွက် ဒီလိုအချိန်ကြီးမှာ သံရုံးသွားပြီး တန်းစီပြီး စီစဉ်ရာမှာတွေနဲ့ ရှုပ်လို့ ထင်ပါတယ်။ အဝေးရောက်မဲပေးခွင့် လျှောက်ထားတာ နည်းတယ်။ ဒီမှာက Chin Community အနေနဲ့တော့ ချင်းအမျိုးသားနေ့တွေနဲ့ Chin Christian Fellowship (CCF) ဆိုပြီး ဆုံတွေ့တာတွေရှိတယ်။ အဖွဲ့တဖွဲ့ကလွဲရင် အားလုံးပါဝင်ကြပါတယ်။ နောက်ပြီးတော့ မေလ ၁ ရက်နေ့မှာ ဘောလုံးပွဲတွေ လုပ်လေ့ရှိကြပါတယ်။ ” ဟု ပြောသည်။

အဝေးရောက်မဲပေးခွင့် လျှောက်ထားသူများ၏ ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈ နေ့အတွင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝန်းအတွင်း၌ ပြုလုပ်ကြမည်ဖြစ်သည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...