ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်း ၅ဝ လှူဒါန်း

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်း ၅ဝ လှူဒါန်း

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ရခိုင်စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၅ဝ ကို မေယုဒေသပရဟိတအဖွဲ့မှ တဆင့် လှူဒါန်းလိုက်သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ပွဲကြောင့် နေရပ်စွန့်ခွာလာခဲ့သော ရခိုင်ပြည်သူစစ်ဘေးရှောင်ပြည်သူများအား တိုင်းရင်းသားချင်း ကိုယ်ချင်းစာနာ ထောက်ထားပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ငွေ(၅ဝ)သိန်းကျပ်ကို မေယုဒေသပရဟိတအဖွဲ့မှတဆင့် လှူဒါန်းခြင်းဖြစ်ကြောင်း ကိုမေယုထွန်း ပို့စ်တွင် ရေးသားဖော်ပြသည်။

KBC မှ လှူဒါန်းထားသောငွေဖြင့် အရေးပေါ် စားနပ်ရိက္ခာများကို လိုအပ်နေသောစစ်ဘေးရှောင် စခန်းများအား ရခိုင်အခြေစိုက် ပရဟိတအဖွဲ့များနှင့်  ပူးပေါင်းပြီး မိမိတို့ မေယုဒေသပရဟိအဖွဲ့မှ  ကူညီထောက်ပံ့ လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ  ဒေါက်တာ ခလမ်ဆမ်ဆွန်မှ "ရခိုင်ပြည်နယ်က ပြည်သူတွေဟာ ဆိုးရွာတဲ့ စစ်ဘေးရှောင်ဒဏ်ကို ခံစားနေရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်မိပါတယ်၊၊ ရခိုင်ပြည်သူတွေနဲ့အတူ ကျွန်တော်တို့ KBC  ကလည်း တသွေးတသားတည်း ရှိနေပါတယ်လို့  ပြောကြားလိုပါတယ်” ဟု ပြောဆိုသည်။

မေယုဒေသပရဟိတအဖွဲ့သည် စစ်ပြေးရှောင်အရေးကို ဆောင်ရွက်နေသည့် လူမှု အဖွဲ့အစည်း တစ်ခုဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့ကလည်း  အမ်းမြို့နယ်-ဒါးလက်ချောင်း စစ်ဘေးရှောင်စခန်းသို့ ဆန်(၃ဝ)အိတ် အရေးပေါ်လှူဒါန်းခဲ့သည်။

မေယုဒေသပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမေယုထွန်းသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပါ။

အလားတူ ‘ဝ’ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကလည်း ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များမှ တဆင့် ကျပ်ငွေ ၇၅ သိန်းကို ရခိုင်စစ်ပြေးရှောင်များအတွက် လှူဒါန်းခဲ့ကြောင်း ANP မှ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကျော်၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် စက်တင်ဘာလ ၁၉ ရက်နေ့က ရေးသား ဖော်ပြထားသည်။

May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...