ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမည့် NLD အမတ် ဒေါ်ရှားမူ

ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမည့် NLD အမတ် ဒေါ်ရှားမူ

NLD မှ အမျိုးသမီးအမတ် ဒေါ်ရှားမူအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒေါ်ရှားမူက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ပြန်လည်မရွေးချယ်တော့တဲ့အတွက် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒေါ်ရှားမူက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို ကိုယ်စားပြုပြီးတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့်လို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြန်လည်အရွေးမခံရတဲ့အတွက် ယခုအခါ တစ်သီးဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၈ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် အတည်ပြုခဲ့တဲ့အတွက် မိခင်ပါတီ NLD အား ပြိုင်ဘက်အဖြစ် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၈ က ၂၀၁၅ ရွေးကောက်ပွဲကဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၅ ပင်ဖြစ်ပါတယ်။

တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းနဲ့ ပတ်သက်လို့ ဒေါ်ရှားမူက “ပြည်သူ့အတွက်ဆိုပြီး အားကြိုးမာန်တက် ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားပြီးသား။ သူများတွေက ကိုယ့်ကိုပယ်ထားပေမယ့် ကိုယ်လုပ်ထားတာတွေရှိတယ်။ ဒါကြောင့် အစအဆုံး ဆက်လျှောက်မယ်ပေါ့နော်။ ကိုယ်ကလည်း ပြည်သူ့အတွက်ကို မားမားမတ်မတ်ရပ်တည်ပေးတဲ့ သူဖြစ်တယ်။ ရှေ့ဆက်လျှောက်မယ်ဆိုပြီးတော့ ထပ်ဝင်ပြိုင်တာပေါ့” လို့ပြောပါတယ်။

၎င်းအနေနဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၈ မှာ NLD ပါတီမှ ဦးဦးရယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးတူရယ်၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဦးတူရယ် ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ နော်တဘိုးရာ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစံလွင်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးကျော်ရယ်နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးစော်ဆာကပေါ်ရှီးတို့နှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကယားပြည်နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၃ ဦး အပါအဝင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...