ကိုဗစ်ကာလ သတင်းအချက်အလက်များရရှိရန် ရည်ရွယ်၍ စစ်ဘေးရှောင်စခန်းများတွင် REC မှ ရေဒီယို အလုံး ၅ဝဝ ခန့်ဖြန့်ဝေ

ကိုဗစ်ကာလ သတင်းအချက်အလက်များရရှိရန် ရည်ရွယ်၍ စစ်ဘေးရှောင်စခန်းများတွင် REC မှ ရေဒီယို အလုံး ၅ဝဝ ခန့်ဖြန့်ဝေ

ခိုင်လူလှ — ကိုဗစ်ကာလအတွင်း စစ်ဘေးရှောင်စခန်းများတွင် သတင်းအချက်အလက်များရရှိနိုင်ရန် ရည်ရွယ်ပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး ( REC) မှ Short-way (လှိုင်းလတ်) ရေဒီယို အလုံး ၅ဝဝ နီးပါးခန့်ကို စစ်ဘေးရှောင်စခန်းများသို့ ဖြန့်ဝေခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “ စစ်ဘေးရှောင်စခန်းတွေကို သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်ရေစေချင်တယ်။ အခုက ရခိုင်မှာက တူးဂျီအင်တာနက်ဆိုတော့ ဘယ်လိုနည်းနဲ့မှ ဒီသတင်းအချက်အလက်တွေကိုအွင်လိုင်းကနေ မရနိုင်ဘူး။ သတင်းအမှားတွေကလည်း နည်းမျိုးစုံနဲ့ ပျံ့နေတော့ စခန်းက လူတွေကြားထဲမှာ စိုးရိမ်စရာတွေ ဖြစ်လာတယ်။ အဓိကတော့ သတင်းမှန်တွေ အချိန်နဲ့ တပြေးညီ ရစေချင်တယ်။ ကိုဗစ်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ရရှိစေလိုတဲ့ ရည်ရွယ်နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မူလက စခန်းတစ်ခုကို ရေဒီယို ၁ဝ လုံးဖြင့် ရေဒီယို အလုံးပေါင်း ၁ဝဝဝ ကို လှူဒါန်းရန် ရည်ရွယ်ခဲ့သော်လည်း စစ်တွေ ဈေးကွက်တွင် လိုအပ်သော အဆင့်မီ ရေဒီယိုများကို လုံလုံလောက်လောက် မရှိသဖြင့် ရန်ကုန်သို့ မှာယူခဲ့ရကြောင်း၊ ရန်ကုန်သို့ မှာယူရာတွင်လည်း လမ်းတွင် အစစ်အဆေးများပြီး ထောက်ခံချက်လိုသဖြင့် ပြည့်ပြည့်စုံစုံ မှာယူရန် ခက်ခဲ၍ ရေဒီယို အလုံးပေါင်း ၄၃ဝ ကိုသာ စုဆောင်းရရှိခဲ့ပြီး စုစုပေါင်း စခန်း (၅၁) ခုကို ဖြန့်ဝေနိုင်သေးသည်ဟု ၎င်းက ပြောဆိုသည်။

“ အခုဆို ကိုဗစ်နဲ့ ရန်ကုန်ကို မှာလို့လည်း မရတော့ဘူး။ ဆိုင်တွေက ပိတ်ထားသလို လမ်းခရီးမှာလည်း ပစ္စည်းပို့ဖို့ အခက်အခဲတွေများသွားပြီ။ အခု ရသလောက်ကို စခန်းတွေကို ဝေထားပါတယ်။ ရေဒီယိုနားထောင်ရတော့ သတင်း အချက်အလက်တွေရသလို ကိုဗစ်နဲ့ ပတ်သက်ပြီးလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်လွှင့်တာတွေလည်း နားထောင်လို့ရသွားတာပေါ့။ ဘာဘဲပြောပြော 4G အင်တာနက်လောက် အဆင်မပြေပေမယ့် စိတ်ဝင်စားသူတွေအတွက်တော့ သတင်းအချက်ရသွားတော့ နည်းနည်း အဆင်ပြေသွားတာပေါ့။ နားထောင်တဲ့သူတွေက တစ်ဆင့် ကျန်လူတွေကို သတင်းတွေကို ချယ်လို့ ရသွားတာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် (၇) မြို့နယ်တွင် အင်တာနက်လိုင်းကို 2G အဆင့်သာဖွင့်ပေးထားသဖြင့် ဖုန်းမှ တစ်ဆင့် သတင်းများရှာဖွေရန်၊ ပို့ဆောင်ရန် အခက်အခဲဖြစ်နေကြပြီး ၎င်းအင်တာနက်လိုင်းမှာ Message ပို့ရန်လောက်သာ အဆင်ပြေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား နေရာတိုင်းတွင် မရရှိသဖြင့် ရုပ်သံတီဗီကို နေရာတိုင်းတွင် မကြည့်နိုင်သလို အင်တာနက်လည်း 2G အဆင့်သာ ဖြစ်သဖြင့် ဖုန်းထဲက ကြည့်ရန် မလွယ်ကူ၍ သတင်းအချက်အလက်ရရှိရန်မှာ ရေဒီယိုက ဆက်လက် အသုံးဝင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...