ပွင့်လင်းမြင်သာမှုမရှိတဲ့အစိုးရလုပ်ငန်းတချို့ချပြဖို့ စာရင်းစစ်ချုပ် စစ်ဆေးနေ

ပွင့်လင်းမြင်သာမှုမရှိတဲ့အစိုးရလုပ်ငန်းတချို့ချပြဖို့ စာရင်းစစ်ချုပ် စစ်ဆေးနေ

ဦးမြာ၊ မီမြာ — ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြည်နယ်အစိုးရလုပ်ငန်းတွေကို ချပြပေးဖို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေတောင်းဆိုတဲ့အပေါ်မှာ မကြာမှီ ချပြပေးနိုင်ဖို့ ဥပဒေနှင့်အညီဆောင်ရွက်နေပြီးဖြစ်တယ်လို့ ကယားပြည်နယ် စာရင်းစစ်ချုပ် ဦးအောင်မောင်းက ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာစာရင်းစစ်စံဆိုတာရှိတယ်လေ။ ဘယ်လိုစစ်ရမလဲဆိုတဲ့ညွှန်ကြားချက်တွေရှိပြီးသား အဲ့ဟာတွေနဲ့ပဲစစ်ရမှာပေါ့။ ဥပဒေနဲ့အညီပဲပေါ့။” လို့ ဦးအောင်မောင်းပြောပါတယ်။

တာဝန်ပေးထားတဲ့အတွက်သေချာပေါက် အမြန်ဆုံးစစ်‌ပေးမှာဖြစ်ပြီး ဘယ်ချိန်လောက်ပြီးမှာကိုတော့ စစ်ရတဲ့ပမာဏာပေါ်မူတည်လိမ့်မယ်လို့ ဆိုပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတောင်းဆိုတဲ့ အချက်တွေထဲမှ ပြည်နယ်လွှတ်တော်ကနေ သတ္တုသန့်စင်စက်ရုံတည်ဆောက်ခြင်းနှင့် စက်မှုဇုံစီမံခန့်ခွဲလုပ်ဆောင်ခြင်း၊ ပန်ဥယာဉ်မြေယာရှုခင်းလုပ်ငန်းများ၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် ဆက်စပ်လုပ်ငန်းများတည်ဆောက်ခြင်း စီမံကိန်းတွေကို စာရင်းစစ်ကနေစစ်ဆေးပေးပြီး လွှတ်တော်ထဲကို အစီရင်ခံစာတင်ပြပေးနိုင်ဖို့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ စာရင်းစစ်ချုပ်ကို အကြောင်းကြားစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အချက်၃ချက်ကိုတာဝန်ယူပြီးစစ်ဆေးပေးတဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်းအနေဖြင့် အားရကျေနပ်မှုရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းထဲက ကယား ( ကရင်နီ) ပြည်လူမှုအဖွဲ့အစည်းဒါရိုက်တာ ဦးဗညားကပြောပါတယ်။

“တခါမှ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စဉ်းစားချက်တောင်းဆိုချက်တွေကို ပြည်နယ်အစိုးရကဖြစ်စေ လွှတ်တော်ကဖြစ်စေ ဖော်ဆောင်ခဲ့တာက လုံးဝမရှိသလောက်နည်းပါးခဲ့တယ်။ လွှတ်တော်က အရပ်ဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာတဲ့အပေါ်မှာ အခုလိုမျိုး၃ချက်ကိုတာဝန်ယူပြီး စီစစ်ပေးတာကို အရမ်းပဲအားရကျေနပ်မိပါတယ်။” လို့ သူကဆက်ပြောပါတယ်။

ကယားပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့လမှာ ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုကို စက်ယန္တယားဌားရမ်းတဲ့ကိစ္စ၊ ကယားဒေးကွင်းမြေဌားရမ်းတဲ့ကိစ္စ ပွင်လင်းမြင်သာမှုမရှိတဲ့အတွက် စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ ကစုံစမ်းပြီး ဝန်းကြီးချုပ်ကို တာဝန်မှရပ်စဲလိုက်တဲ့ကိစ္စတွေရှိခဲ့ပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်း ၂၃ဖွဲ့က ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ အချက်‌တွေကို စုံစမ်းစစ်ဆေးပေးဖို့ လွှတ်တော်ကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်း၂၃ဖွဲ့က သတ္တုသန့်စင်စက်ရုံတည်ဆောက်ခြင်းနှင့် စက်မှုဇုံစီမံခန့်ခွဲလုပ်ဆောင်ခြင်း၊ ပန်းဥယာဉ်မြေယာရှုခင်းလုပ်ငန်းများ၊ ဘာသာရေးဆိုင်ရာအလှူအတန်း ပြုလုပ်မှုနှင့် တိုင်းရင်းသားစားပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များထံ ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်တိုင်းတွင် ပေးဝေသော ငွေ‌ကြေးဆိုင်ရာကိစ္စ၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် ဆက်စပ်လုပ်ငန်းများတည်ဆောက်ခြင်း စတဲ့အချက်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...