ဒေသခံပါတီတွေကို ဝန်းရံပေးဖို့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်လောင်းတွေ တိုက်တွန်း

ဒေသခံပါတီတွေကို ဝန်းရံပေးဖို့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်လောင်းတွေ တိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲမှာ ဌာနေတိုင်းရင်းသားတွေအနေနဲ့ ဒေသခံတိုင်းရင်းသားပါတီတွေကိုသာ ဝန်းရံပေးဖို့ တိုင်းရင်းသားပါတီ ကိုယ်ယ်စားလှယ်လောင်းတွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားပါတီတွေအားကောင်းဖို့ ဒေသခံပြည်သူဝန်းရံပေးဖို့လိုတယ်လို့ ကယန်းအမျိုးသားပါတီကနေ ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ခွန်းမြင့်နိုင်က ပြောပါတယ်။

ခွန်းမြင့်နိုင်က“ အရေးကြီးတဲ့အတွက်ကြောင့်မလို့ ဒီပါတီက အားကောင်းကောင်းနဲ့ ရုန်းထဖို့လိုနေတဲ့အချိန်မှာ ပြည်သူလူထုက ဝန်းရံအားပေးဖို့လိုပါတယ်။” လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်၊ မဲဆန္ဒနယ် ၃၄ နေရာရှိတဲ့အထဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ် နေရာ ၃၀ မှာ ဝင်ပြိုင်သွားမှာဖြစ်ပြီး ကယန်းအမျိုးသားပါတီက ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဲဒီ ပါတီနှစ်ခုဟာ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီဖြစ်ပါတယ်။

အဲဒီ ပါတီတွေ အနေနဲ့ ရွေးကောက်ပွဲမှာ အောင်နိုင်ပါက ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ထိန်းသိမ်းဖို့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပိုမိုအဆင်ပြေချောမွေ့နိုင်ဖို့ ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပြီး လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီးတော့လည်း ပါတီရဲ့မူဝါဒနဲ့ အညီ လုပ်ဆောင်သွားမယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းခူးပလုရယ်က ပြောပါတယ်။

ခူးပလုရယ်က “ပြည်သူတွေနဲ့တစ်သားတည်းပေါ့လေ မခိုးဘူး။ ကိုယ့်ရဲ့ပြည်နယ်အတွက် အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို အကောင်းဆုံးလုပ်သွားမယ်ဆိုတဲ့ကတိတော့ ကျွန်တော်ပေးပါတယ်” လို့ ပြောပါတယ်။

သူက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့လည်း ဌာနေတိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားတွေကို ပိုမိုမြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲကို ပထမဆုံး ဝင်ပြိုင်မယ့် ပါတီဖြစ်ပြီး ၎င်းပါတီက ၂၀၁၅ ရွေးကောက်ပွဲဝင်ခဲ့တဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)နှင့် ကယားလူမျိုးစု ဒီမိုကရက်တစ်ပါတီ နှစ်ခုကနေ ပြန်လည်ပူးပေါင်းပြီး ပါတီတစ်ခုတည်း ပြန်လည်ဖွဲ့စည်းခဲ့ကြတာ ၃ နှစ်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။

ကယန်းအမျိုးသားပါတီကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၁၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ အနိုင်မရှိခဲ့ပါဘူး။

လာမည့်ရွေးကောက်ပွဲမှာတော့ ကယားပြည်နယ် မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၁၃ ပါတီ၊ လွှတ်တော်ကိုယ်စားလှယ် လောင်း ၂၇၂ ဦးရှိတယ်လို့ ပြည်နယ်ရွေးကောက်ကော်မရှင်ရဲ့ သြဂုတ် ၃၀ ရက် ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...