ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၈ နိုင်ငံမှ ရခိုင်စစ်ပွဲချက်ချင်းရပ်တန့်ရန် တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၈ နိုင်ငံမှ ရခိုင်စစ်ပွဲချက်ချင်းရပ်တန့်ရန် တောင်းဆို

UNSC ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၈ နိုင်ငံမှ ရခိုင်နှင့် ချင်းပြည်နယ်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် စက်တင်ဘာ ၁၁ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

တောင်းဆိုသည့် နိုင်ငံ (၈) နိုင်ငံထဲတွင် UNSC အမြဲတန်းအဖွဲ့ဝင်နိုင်ငံများပါဝင်သလို အမြဲတန်း မဟုတ်သည့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည်။ ၎င်းနိုင်ငံ (၈) ခုမှာ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ဂျာမနီ၊ တူနီးရှား၊ ယူနိုက်တက်ကင်းဒမ်း၊ မြောက်အိုင်ယာလန်နှင့် အမေရိကန်တို့ ဖြစ်ကြသည်။

၎င်းကြေညာချက်ထဲတွင် ရခိုင်နှင့်ချင်းပြည်နယ်များရှိမြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ဒေသခံ လူမှုအသိုင်းအဝန်းအပေါ် ဆက်လက် ဖြစ်ပွားနေသော ပြင်းထန်သော ထိခိုက်နစ်နာမှုများကို ကျွန်ုပ်တို့စိုးရိမ်ကြသည်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၅၃၂ က ထောက်ခံသည့်အတိုင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ကမ္ဘာလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုကို အမှတ်ရပြီး၊ ရန်လိုမှုများချက်ချင်းရပ်တန့်ရန်နှင့် အခြေအနေကို ပိုမိုဆိုးရွား စေနိုင်သည့် လုပ်ဆောင်မှုများအားလုံးကို ရပ်တန့်ရန် တောင်းဆိုသည်ဟု ဖော်ပြသည်။

ထိခိုက်လွယ်သောလူများအားလုံးအတွက်လုံခြုံစိတ်ချရသော၊ ပြည့်ဝသော၊ တားဆီးထားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဘေးဒဏ်သင့် ဒေသများရှိ အင်တာနက်ကို အပြည့်အဝ ပြန်လည်ထူထောင်ရန် ကျွန်ုပ်တို့တောင်းဆိုသည်ဟု ပါရှိသည်။

၎င်းကြေညာချက်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးဖိလစ်ပိုဂရန်နီ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏ လက်ထောက် အတွင်းရေးမှူးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ဒေသဆိုင်ရာ ဒါရိုက်တာခရစ်စတင်းရှရန်နာဘာဂင်၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရန်နာဘာဂျဲန်းနှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ဒေသဆိုင်ရာ ဒါရိုက်တာတို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...