အစိုးရသစ်မှာ ငြိမ်းချမ်းရေးအကြောင်းတတ်သိနားလည်သူ ပါဝင်ဖို့လို

အစိုးရသစ်မှာ ငြိမ်းချမ်းရေးအကြောင်းတတ်သိနားလည်သူ ပါဝင်ဖို့လို

စိုးထိုက်အောင် — နောက်တက်မယ့် အစိုးရသစ်မှာ ငြိမ်းချမ်းရေးအကြောင်းတတ်သိနားလည်သူ ပါဝင်နိင်မှ ပြည်နယ်ငြိမ်းချမ်းရေးမှာ ဆောင်ရွက်ရာမှာ ပိုမို အားကောင်းလာမယ်လို့ ပြည်နယ် အရေး လေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က ပြောပါတယ်။

“တကယ်တမ်း ဒီလက်ရှိလက်ကျန်ကာလမှာရော၊ နောက်တတိယအကြိမ်တက်မယ့်၊ တာဝန်ယူရမယ့်အစိုးရသစ်မှာရောပါ တကယ်တမ်းပြောရရင်တော့ ဒီအတွက်ကိုငြိမ်းချမ်းရေးဆိုင်ရာအရ လေ့လာသိရှိထားတဲ့သူမျိုးတွေပါဝင်မယ်ဆိုရင် ပိုပြီးတော့မှကို တိုင်းရင်းသားလက်နက်ကိုင် KNPP နဲ့ပိုမိုအားကောင်းလာလိမ့်မယ်ပေါ့။ တကယ်တမ်းက ပါးစပ်ကပဲ ပြည်သူ့အစိုးရတို့၊ လူထုရွေးချယ်ထားတဲ့အစိုးရလို့ ပြောနေပြီးတော့တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာကျတော့ တပ်မတော်တို့၊ တပ်မတော်အငြိမ်းစားတို့ကိုပဲ တာဝန်ပေးနေမယ်ဆိုရင်တော့ ဒါသည် ဘယ်လိုမှကို ပြည်နယ်အတွက် ပိုမိုအားကောင်းတဲ့အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မှာမ ဟုတ်ပါဘူး ခင်ဗျာ့။” လို့ကိုကျော်ထင်အောင်က ဆိုပါတယ်။

KNPP ဖက်ကတော့ လက်ရှိ ပြည်နယ် အစိုးရဟာ ငြိမ်းချမ်းရေး အပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတယ်လို့ သုံးသပ်ပြောဆိုထားတာရှိပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ဆွေးနွေးသဘောတူထားချက်တွေကို အခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရလက်ထက်မှာ ထဲထဲဝင်ဝင် ပူးပေါင်းလုပ်ဆောင်တာမျိုးတွေအားနည်းနေတယ်လို့ ကယန်းအမျိုးသားပါတီက ခွန်းမြင့်နိုင်ကပြောပါတယ်။

“ ကေအဲန်ပီပီနဲ့သဘောတူထားတဲ့အချက်တွေကို NLD ခေတ်မှာအကောင်အထည်ဖော်ဖို့ဆိုတဲ့နေရာမျိုးတွေမှာ မူဘောင်တွေရဲ့အခက်အခဲတွေ အကန့်အသတ်တွေ အယူအဆတွေမတူတာလည်းဖြစ်တာပေါ့နော ဒီလိုသုံးသပ်ကြည့်တာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ NLD ခေတ်မှာတော့ သဘောတူထားတဲ့ အချက်ပေါင်း ၂၀ ပေါ်မှာလည်း ပြည်နယ်အတွင်းမှာတော့ ထဲထဲဝင်ဝင် ညှိနှိုင်းထိတွေ့ ဆွေးနွေးတိုင်ပင်မှု ပူးပေါင်းလုပ်ဆောင်မှု သဘောတူညီမှုတွေလည်း ထပ်လောင်းပြီးတော့ အားကောင်းကောင်းနဲ့ဆွေးနွေးတာမျိုးတွေ ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ မတွေ့ရဘူး။ ပြည်နယ်အစိုးရကိုယ်တိုင်ကလည်း ကေအဲန်ပီပီနဲ့ခပ်လှမ်းလှမ်းနေတဲ့ပုံစံမျိုးတွေ တွေ့တယ်လို့ သုံးသပ်မိတယ်။ အဲဒါကြောင့်မလို့ ဒီအစိုးရခေတ်ကာလမှာ ပြည်နယ်ရဲ့ငြိမ်းချမ်းရေးအခန်းကဏ္ဍဟာ အားရကျေနပ်မှုမရှိဘူးလို့ သုံးသပ်ချင်တာပေါ့။” လို့ဦးခွန်းမြင့်နိုင်က ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဆွေးနွေးဖို့ဆိုတာ ပြည်သူ့ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရုံနဲ့ မရဘဲ အစိုးရက ငြိမ်းချမ်းရေး အတွက် တရားဝင်ရွေးချယ်ထားတဲ့ သူတွေကသာ ပါဝင်ဆွေးနွေးခွင့်ရနေတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စည်သူကပြောပါတယ်။

“ ကျမကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော့ဖြစ်တာပေါ့နော်။ အဲ့ဒါဆိုရင်တော့ ကျမတို့ပြည်ထောင်စုအဆင့်လို့ခေါ်တာပေါ့။ အဲ့တော့ပြည်ထောင်စုအဆင့်မှာကျတော့ကျမတို့လွှတ်တော်ကိုယ်စားလှယ်များကို ဒီငြိမ်းချမ်းရေးအတွက် ပြုလုပ်တဲ့အစည်းအဝေးတို့၊ အခမ်းအနားတွေတို့ပါဝင်ပတ်သတ်ဖို့ဆို သူတို့လူရွေးပါတယ်။ ကျမတို့ဆန္ဒအတိုင်းတက်လို့မရဘူး။ ဆိုတော့ သူတို့ရွေးတဲ့လူထဲမှာတော့ ကျမ မပါဘူး။ ဒါကြောင့်မလို့အဲ့ဒီမှာတက်နေတဲ့ Process (ဖြစ်စဉ်)မှာ ဆွေးနွေးတဲ့အပေါ်မှာကျတော့ထဲထဲဝင်ဝင် ကျမဆွေးနွေးလို့မရပါဘူး။” လို့ဒေါက်တာခင်စည်သူက ပြောပါတယ်။

၂၀၁၂ခုနှစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာပါဝင်တဲ့ အချက် (၂၀)အရ အစိုးရနဲ့ လစဉ်တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားခဲ့ပေမယ့် လစဉ်မတွေ့ဆုံနိုင်ခဲ့ပါဘူး။

ယခုနှစ်အတွက် ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့မှာ တစ်ကြိမ်သာ တွေ့ဆုံနွေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ Covid ရောဂါကူးစက်ပျံ့ပွားမှုတွေကြောင့် ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ပြည်နယ်အစိုးရရဲ့ငြိမ်းချမ်းရေးဆောင်ရွက်မှုအခြေအနေမှာ ၂၀၁၉ ခုနှစ် မေလ ၆ရက်နေ့ က ကယားပြည်နယ်အစိုးရ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၊ တို့ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ကြိမ်၊ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့မှာတစ်ကြိမ်၊ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့မှာ တစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ပြည်နယ်အစိုးရရဲ့ တစ်နှစ်တာကာလလုပ်ငန်း အစီရင်ခံစာမှာဖော်ပြထားတာတွေ့ရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...