မင်းပြားတွင် ရဲအုပ်တစ်ဦး သေနတ်ပစ်ခံရ၊ အရက်ဆိုင်ပိုင်ရှင် ထိန်းသိမ်းခံထားရ

မင်းပြားတွင် ရဲအုပ်တစ်ဦး သေနတ်ပစ်ခံရ၊ အရက်ဆိုင်ပိုင်ရှင် ထိန်းသိမ်းခံထားရ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်တွင် စက်တင်ဘာ ၁ဝ ရက် ညနေ ၇ နာရီအချိန်ခန့်က မင်းပြားရဲစခန်းမှ ရဲအုပ်တစ်ဦး သေနတ်ပစ်ခတ်ခံရကာ ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတင်ထားရကြောင်း သတင်းရရှိရသည်။

ပစ်ခတ်ခံရသူ ရဲအုပ်မှာ ကောင်းမြတ်ထွန်းဖြစ်ပြီး မင်းပြားမြို့၊ ရာမောင်ခန်းမအနီး၊ အရက်ဆိုင်တွင်သူ့တပည့်တစ်ဦးနှင့်အတူ ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မင်းပြာမြို့ ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦးက “ သူက သူ့တပည့်တစ်ယောက်နဲ့ ရာမောင်ခန်းမ ဘေးနားကဆိုင်ကိုသွားတာ။ အဲဒီမှာပစ်ခတ်ခံရတာ။ ဘယ်သူတွေက ပစ်သွားတယ်။ ဘယ်နှစ်ယောက်ပစ်သွားတယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူး။ ပစ်တာကတော့ သူ့ပါးစပ်ကို ပစ်သွားတာ။ ပါးတစ်ဖက်တစ်ချက်ကို ကျည်ဖောက် သွားတယ်လို့ကြားရပါတယ်” ဟုပြောသည်။

၎င်းနောက် မင်းပြားမြို့ အနီးဝန်းပတ်ဝန်းကျင်မှ သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။

ဒေသခံများ အပြောအရ အရက်ဆိုင်ပိုင်ရှင် ဦးမောင်မောင်သန်းကို ရဲက ခေါ်ဆောင်သွားသည်ဟု သိရသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ဖြစ်တာက ၇ နာရီ မထိုးခင်လောက်က ဖြစ်ပုံရတယ်။ မြို့ထဲက အရက်ဆိုင်ထဲမှာ ဖြစ်ကြတယ်လို့ သိရပါတယ်။ အသက်ကတော့ မသေပါဘူး။ ဆေးရုံတင်ထားရပါတယ်။ ဆိုင်ပိုင်ရှင်ကိုတော့ ရဲရဲ့ လုပ်ထုံးလုပ်နည်းအရ သူ့ဆိုင်မှာ ဖြစ်တာဆိုတော့ စစ်ဆေးမေးမြန်းဖို့ ခေါ်ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

၎င်းရဲအုပ်မှာ မင်းပြားရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၈ လခန့်သာရှိသည်။

အဆိုပါ ရဲအုပ်မှာ မင်းပြားဆေးရုံသို့ ရောက်ရှိနေပြီး ဆေးကုသမှု ခံယူနေရသည်ဟု မင်းပြားဒေသခံ ကိုသိန်းဇံက စက်တင်ဘာ ၁၁ ရက် နံနက်က ပြောဆိုသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...