လွှတ်တော်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာထိခိုက်စေတဲ့ အရေးအသား ရေးသားသူကို ၆၆ ဃ ဖြင့် အမှုဖွင့်

လွှတ်တော်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာထိခိုက်စေတဲ့ အရေးအသား ရေးသားသူကို ၆၆ ဃ ဖြင့် အမှုဖွင့်

စိုးထိုက်အောင် — ဖေ့စ်ဘွတ်လူမှုကွက်ယက် စာမျက်နှာမှာ ကယားပြည်နယ်လွှတ်တော်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ စာအရေးအသား ရေးသားသူကို ကယားပြည်နယ်လွှတ်တော်ကနေ စက်တင်ဘာ ၇ ရက်နေ့ လွိုင်ကော်မြို့မ ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခဲ့ပါတယ်။

အခုက လွှတ်တော်ရဲ့ပုံကြီးနဲ့လွှတ်တော်ကို ကလိမ်ကကျစ်လွှတ်တော်ဆိုလားမသိဘူး သူရေးထည့်ထားတယ်။ အဲ့တာပုံစံကြီးနဲ့တင်ပြီးတော့လုပ်တဲ့ခါကျတော့ ပုဂ္ဂိုလ်ရေးမဟုတ်တော့ဘူး။ လွှတ်တော်အသင်းအဖွဲ့စည်းကို စော်ကားတာလေ။ အဲဒါဘယ်လိုမှရှောင်လို့မရတော့ဘူး။ လို့ကယားပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့်က ပြောပါတယ်။

Wai Phyo Kozaw(ဝေဖြိုး ကိုဇော်) ဆိုတဲ့ နာမည်နဲ့ သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ လွှတ်တော် အဆောက်အဦးပုံနဲ့တကွ ကလိမ်ကကျစ်ကျသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်ဖွဲ့စည်းထားတဲ့လွှတ်တော်ဆိုတဲ့ စာသားအပြင် လွှတ်တော်အဆောက်အအုံပုံအား မဖွယ်မရာပုံနဲ့ တွဲပြီးပိုစ့်တင်ထားတာ၊ လွှတ်တော်ဥက္ကဌပုံနဲ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်နေမှု ပုံတွေကို သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီလိုရေးသားဖော်ပြမှုဟာ ဒီမိုကရေစီနည်းလမ်းသဘောသဘာဝအရ ပြည်နယ်လွှတ်တော်ကို ဝေဖန်အကြံပြုတာမျိုးမဟုတ်ဘဲ လွှတ်တာ်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်စေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ ပုံစံဖြစ်တဲ့အတွက် တည်ဆဲဥပဒေအရ အမှုဖွင့်ထားတာလို့ စက်တင်ဘာလ ၈ ရက်နေ့ ကယားပြညနယ်လွှတ်တော်ရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"တရားစွဲထားတယ်ဆိုရင် အဲ့မှာလည်းဖွင့်ပြီးပြီဆိုရင် ဆက်လုပ်ရမှာပေါ့။" လို့ ကယားပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့်က ပြောပါတယ်။

စက်တင်ဘာလ ၈ရက်နေ့မှာ Wai Phyo Oo Kozaw ဖေ့စ်ဘွတ် အကောင့် စာမျက်နှာပေါ်က တင်ထားတဲ့ ပိုစ့်တွေကို ပြန်ဖျက်လိုက်တာ တွေ့ရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...