စစ်ဘေးရှောင်စခန်းပြင်ပနေထိုင်သည့်စစ်ဘေးရှောင်များအထောက်အပံမရသည့်အရေး အစိုးရမှဖြေရှင်းပေးစေလိုဟုဆို

စစ်ဘေးရှောင်စခန်းပြင်ပနေထိုင်သည့်စစ်ဘေးရှောင်များအထောက်အပံမရသည့်အရေး အစိုးရမှဖြေရှင်းပေးစေလိုဟုဆို

ရခိုင်ပြည်နယ်အမ်းမြို့ရှိ အဖွဲ့အစည်းများထံမှ အထောက်ပံ့မရရှိသည့် စစ်ဘေးရှောင် စခန်းပြင်ပနေထိုင်သူ ချင်းစစ်ဘေးရှောင်ပြည်သူများအရေးကို အစိုးရမှ ကိုင်တွယ်ဖြေရှင်းပေးစေလိုကြောင် းချင်းလူသားခြင်းထောက်ထားကူညီရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသန်းဝင်းကပြောသည်။

ချင်းလူသားခြင်း ထောက်ထားကူညီရေးအဖွဲ့မှ ခေါင်းဆောင် ဦးသန်းဝင်းက “Covid-19 ကူးစက်မှု အရမ်းဖြစ်တော့ ခုဆိုရင် ရခိုင်ပြည်နယ်ကို အသွားလာတွေ ပိတ်လိုက်တော့ အကူညီပေးမဲ့ အဖွဲ့အစည်းတွေကလည်း လုံးဝ သွားလို့ကလည်း မရဘူး။ လက်တလော လူမှု့ကူညီရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ဟိုတလောက ကူညီထားတာတွေရှိတယ်။ ဒါပေမဲ့ စခန်းရဲ့ အပြင်ဖက်မှာ ရှိတဲ့သူတို့ကို ကူညီပေးမဲ့ အဖွဲ့အစည်းက သိပ်မရှိဘူး တော်တော်လေး ဒုက္ခရောက်နေကြတယ်။ ဒါက အစိုးရက ကိုင်တွယ်ပေးရမဲ့ ကိစ္စဖြစ်သွားပြီ။ အလှူရှင်တွေကလည်း သွားလို့မရဘူး။ အသွားအလာလည်း ကန့်သတ်ထားတော့ အစိုးရကနေဘဲ မြို့နယ်ထွေအုပ်နဲ့ ပူးပေါင်းပြီးတော့ ကူညီပေးရင်တော့ ပိုကောင်းမယ်ထင်တယ်” ဟု ပြောသည်။

အမ်းမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့်သူနှင့်စခန်းပြင်ပ နေထိုင်သူများ၏ ကျန်းမာရေးနှင့် ပက်သက်ပြီး စိုးရိမ်ရသော အခြေနေတွင် ရှိကြောင်းလည်း ချင်းလူသားခြင်း ထောက်ထားကူညီရေးအဖွဲ့မှ ခေါင်းဆောင် ဦးသန်းဝင်းကပြောသည်။

သူကဆက်ပြီး “စစ်ဘေးရှောင်စခန်းမှာ နေတဲ့သူတွေထက် အပြင်မှာနေတဲ့သူ လူဦးရေက ပိုများတယ် နှစ်ထောင်ကျော်ရှိတယ် အလှူရှင်တွေကလည်း အသွားလာ အကန့်သက်တွေ လုပ်ထားတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးနဲ့ ပက်သက်ပြီး ဒုက္ခရောက်ကြတယ် နောက်ပြီး တော်တော်များများက ကျန်းမာရေးနဲ့ ပက်သက်ပြီးလည်း သိပ်မသိကြဘူး ဆိုတော့ အရမ်းစိုးရိမ်ရတယ်” ဟုပြောသည်။

လက်ရှိရခိုင်ပြည်နယ် အမ်းမြို့တွင်ရှိသော စစ်ဘေးရှောင်စခန်းပြင်ပတွင် နေထိုင်ကြသော ချင်းစစ်ဘေးရှောင် ၃၀၀၀ နီးပါး ရှိနေကြောင်းလည်း သိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...