ရခိုင်ပြည်နယ်ရှိကျောင်းများကို ခေတ္တပိတ်ထားလိုက်ပြီ

ရခိုင်ပြည်နယ်ရှိကျောင်းများကို ခေတ္တပိတ်ထားလိုက်ပြီ

ရခိုင်ပြည်နယ်ရှိ လက်ရှိဖွင့်ထားသောကျောင်းများအားလုံးကို ကိုရိုနာရောဂါကြောင့် ခေတ္တပိတ်ထားလိုက်ပြီဟု သတင်းရရှိသည်။

ဖွင့်လှစ်ထားသော ကျောင်းများကို ခေတ္တ ပိတ်ထားရန်နှင့်  နောက်ထပ်ဖွင့်လှစ်မည့် အခြေခံကျောင်းများအား ခေတ္တဆိုင်းငံ့ထားရန်  Covid -19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး (၂) အမြဲတန်းအတွင်း ဇော်သန်းသင်းက ညွှန်ကြားထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် (Covid 19) ဓာတ်ခွဲအတည်ပြုလူနာများတွေ့ရှိမှုနှင့် ပတ်သက်၍ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ရန် ပေးပို့သော စာထဲတွင် ဖော်ပြထားသည်။

ဘူးသီးတောင်မြို့ အထက (၁) ဆရာကြီးက  ပညာရေးဌာန၏ ညွှန်ကြားချက်အရ ကျောင်းကို ပိတ်ထားလိုက်ပြီဟု ပြောကြားသည်။

မြောက်ဦးမြို့နယ်တွင် အခြေပညာအထက်တန်းကျောင်း ၃၂ ကျောင်းနှင့် အလွတ်ပညာသင်ကျောင်း ၂ ကျောင်းတို့ကို ယနေ့မှ စပြီး ခေတ္တပိတ်လိုက်ပြီဟု မြို့နယ် ပညာရေးမှူးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုသဖြင့် ရခိုင်ပြည်နယ်ပညာရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။ သက်ဆိုင်ရာ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးများသို့ ဆက်သွယ်ရာ ဖြေကြားပေးမည့်သူ မရှိသဖြင့် ရခိုင်ပြည်နယ်က  ကျောင်းများနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...