AA ကိုသတင်းပို့သည်ဟုစွပ်စွဲချက်ဖြင့် ကျောက်ဖြူတွင် ရဲတပ်သားတစ်ဦး အကြမ်းဖက်မှုဥပဒေပုဒ်မနှင့် အမှုဖွင့်ခံရ

AA ကိုသတင်းပို့သည်ဟုစွပ်စွဲချက်ဖြင့် ကျောက်ဖြူတွင် ရဲတပ်သားတစ်ဦး အကြမ်းဖက်မှုဥပဒေပုဒ်မနှင့် အမှုဖွင့်ခံရ

ထွန်းခိုင် - ကျောက်ဖြူမြို့နယ်၊ စနဲရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးဖြစ်သူ ကိုရဲကိုနိုင် အသက် (၂၇) နှစ်ကို AA ကိုသတင်းပို့သည်ဟု စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှု ဥပဒေပုဒ်မနှင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အမှုဖွင့်ခံရသူမှာ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာ ဇာတိဖြစ်ပြီး ကျောက်ဖြူမြို့နယ်၊ စနဲရဲစခန်းတွင် တာဝန်ထမ်းဆောင်နေချိန်တွင် ဖမ်းဆီးခံရကာ အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း အစ်မဖြစ်သူ မခင်မီမီအောင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

“ သူ့က ၆ လပိုင်း ၂၈ ရက်နေ့ကနေ အဖမ်းခံရတာ။ သူက အိမ်ကို ထမင်းလာစားတယ်။ ၂၈ ရက်နေ့က အိမ်ကို ထမင်းစားဖို့ မရောက်ဘူး။ ၂၉ ရက်နေ့မှ သူ့ကို အကြမ်းဖက်မှုနဲ့ အမှုဖွင့်ထားတဲ့ဆိုတာကို သိရတာပါ။ သူကို ကျောက်ဖြူမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ သူကိုဖမ်းတာကတော့ AA ကို သတင်းပို့တယ်ဆိုပြီး ဖမ်းထားတာပါ” ဟု သူမက ပြောသည်။

ကိုရဲကိုနိုင်အမှုအား လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဒေါ်လင်းလင်းခိုင်က “ သူ့အမှုက အခု ရမန်ယူထားတဲ့ အချိန်ကာလဘဲ ရှိသေးတယ်။ သူ့ကိုဖွင့်ထားတဲ့အမှုတွေကတော့ ၅ဝ (ည) နဲ့ ၅၂ (က) တို့ဖြစ်တယ်။” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ရဲတပ်သား အမှုဖွင့်ခံရခြင်းမှာ ဟုတ်မှန်ကြောင်း နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ဒုရဲမှူးကြီး ဦးကျော်ဇောအား နိရဉ္စရာ သတင်းဌာနမှ ဖုန်ဖြင့်ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

Most read this week

August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...