ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေး ရွေးကောက်ပွဲ ဝင်ပြိုင်တော့မည်မဟုတ်

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေး ရွေးကောက်ပွဲ ဝင်ပြိုင်တော့မည်မဟုတ်

ချင်းပြည်နယ် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီဥက္ကဌလည်းဖြစ် လက်ရှိလွှတ်တော်ဥက္ကဌ ဦးဇိုဘွေးသည် လာမည့်နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်းသိရသည်။

ဦးဇိုဘွေးသည် အစကနဦးတွင် ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး NLD ပါတီဗဟိုက ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြောင်းလဲအတည်ပြုခဲ့သော်လည်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကူညီပံ့ပိုးနိုင်ရန် ယခုလိုဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

“ကျနော်က ပြည်နယ်မှာပြိုင်ဖို့တင်ထားတယ်။ ဒါပေမယ့် ဗဟိုက ပြည်သူ့ဆိုတော့ ကျနော်ကလည်း ပါတီဥက္ကဌဆိုတော့ ပါတီနဲ့အနီးကပ်ကြီးကြပ်မှပဲ အဆင်ပြေမယ်ဆိုပြီးတော့လေ၊ ပါတီအောင်နိုင်ရေးပဲ ကွက်ကဲကြီးကြပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တာ၊ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်လိုက်တာပါ’’ ဟု ဦးဇိုဘွေ့ကပြောသည်။

ဦးဇိုဘွေး ဝင်ရောက်ယှဉ်ပြိုင်မည့် ဟားခါးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် လက်ရှိချင်းပြည်နယ် ဥပဒေချူပ် ဦးဆန်နီထန်ကျူံးက အစားထိုးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီသည် မဲဆန္ဒ (၁၂) နေရာကို ပါတီအောင်နိုင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်သည့်အတွက်ဟုဆိုကာ ကိုယ်စားလှယ်လောင်း (၁၂) ဦးကို သြဂုတ်လ (၁) ရက်နေ့က အပြောင်းအလဲပြုလုပ်ခဲ့သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...