ဇိုးမီးဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် (၁၀) နေရာသာ ပါဝင်ယှဉ်ပြိုင်မည်ဟုဆို

ဇိုးမီးဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် (၁၀) နေရာသာ ပါဝင်ယှဉ်ပြိုင်မည်ဟုဆို

ဇိုးမီး ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကျရောက်လာမည့် နိုဝင်ဘာလ (၈) ရက်နေ့ ပါတီစုံရွေးကောက်ပွဲတွင် အမတ် (၁၀) နေရာသာပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကင်ခန့်လျန်က ပြောသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဦးကင်ခန့်လျန်က “ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ထဲမှာ (၁၁) နေရာပါဝင်မယ်လို့ပါတယ်၊ ဒါပေမဲ့ အခုတော့မဝင်တော့ဘူး၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို မဝင်တော့ဘူး၊ တိုင်းဒေသကြီးအမှတ် (၂) တစ်ခုထဲပါဝင်တော့မယ်” ဟု ပြောသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲတွင် ဇိုးမီးဒီမိုကရေစီအဖွဲ့ချုပ်သည် ကိုယ့်အိမ်ကွင်းတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဝေးမှလာသော ပါတီများကို အပြီးသတ်အနိုင်ယူမည်ဖြစ်ကြောင်း ဦးကင်ခန့်လျန်က ဆိုသည်။

သူက “ကျွန်တော်တို့တီးတိန်နှင့်တွန်းဇံမှာကတော့ (၉) နိုင်မယ်လို့တော့ မျော်မှန်းထားတယ်၊ ဘာလို့လဲဆိုတော့ ၂၀၁၅ တုန်းက ကျွန်တော်တို့နိုင်ပြီးသားနေရာတွေပဲလေ၊ ၁၀၀ ရာခိုင်းနူန်းနိုင်မယ်လို့တော့ မျော်မှန်းထားတယ်၊ ကျွန်တော်တို့ကတော့ ဒေသခံတွေရှိတယ်၊ အခုလာပြိုင်မဲ့သူတွေက တစ်ခြားကနေလာတာလေ၊ အဝေးကနေလာကြတယ်၊ ဘော်လုံးဆိုရင်တော့ ကျွန်တော်တို့က အိမ်ကွင်းဖြစ်တယ်၊ ကိုယ့်အိမ်ကွင်းမှာတော့ ကိုယ်နိုင်ရမှာပေါ့” ဟု ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီအနေဖြင့် ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ (၆) နေရာ အနိုင်ရခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီး (၁) နေရာ ရရှိခဲ့သည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...