နမ္မတီး ညောင်တော စစ်ရှောင်စခန်းမှ ကျောင်းသားများအတွက်ကြိုပို့ယာဉ် စီစဉ်ပေးရန်တောင်းဆို

နမ္မတီး ညောင်တော စစ်ရှောင်စခန်းမှ ကျောင်းသားများအတွက်ကြိုပို့ယာဉ် စီစဉ်ပေးရန်တောင်းဆို

မိုးကောင်းမြို့နယ် နမ္မတီးမြို့စွန်တွင်ပြောင်းရွေ့ထားသော ညောင်တောစစ်ရှောင်စခန်းမှ ကျောင်းသူ၊သားများသည် လက်ရှိတက်ရောက်နေသည့် စာသင်ကျောင်းနှင့် အလွန်ဝေးကွာနေသဖြင့် ကျောင်းသွား ကျောင်းပြန် သွားလာရေးပြဿနာကြုံတွေ့နေရကြောင်း စစ်ရှောင်စခန်းတာဝန်ခံမှ သိရသည်။

ညောင်တောကျေးရွာတွင် အလယ်တန်းအဆင့်ကျောင်းသာရှိသောကြောင့် အထက်တန်းတက်ရောက်မည့် ကျောင်းသူ/ သားများက ရွာနှင့် ၃မိုင်ခန့်ဝေးသည့် နမ္မတီး-လမ်းခွ အထက်တန်းကျောင်းတွင် တက်ရောက်နေရသည်။

“အခုကကျောင်း ဖွင့်နေပြီ။ ၈တန်းကနေ ၁၀တန်းအထိ မြို့ကျောင်းကို သွားတက်ရမှာဖြစ်တယ်။ ဒါပေမယ့် ကျောင်းသားတွေအတွက် သွားရေးလာရေးက အရးကြီးတဲ့ အခက်အခဲလို့ပြောရမယ်ပေါ့။ ကျနော်တို့က ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်းမသိ။ ဒီမှာက စခန်း ၂ခုရှိတယ်။ မိသားစုတိုင်းမှာက ဆိုင်ကယ်မရှိဘူး။ ခြေကျင်နဲ့သွားဖို့ဆိုလည်း အဆင်မပြေဘူး။ စခန်းမှာလည်း သုံးဘီးဆိုင်ကယ်ဆိုလည်းမရှိဘူး” ဟု စခန်းတာဝန်ခံ ဆရာဇော်ခန်း (Zau Hkun) ကပြောသည်။

ကျောင်းသုံးစရိတ်များ၊ စခန်းတွင်း စားဝတ်နေရေး အခက်အခဲများ၊ လျှပ်စစ်မီး၊ ရေချိုးခန်း နှင့် အိမ်သာအရေအတွက် မလုံလောက်မှုစသည့် အခက်အခဲများလည်း နောက်ဆက်တွဲရှိနေသည်ဟု သူက ဆက်ပြောသည်။

လက်ရှိစစ်ရှောင်စခန်းတွင် အခြေခံပညာကျောင်းတက်နေသည့် ကျောင်းသူ/သား စုစုပေါင်း ၁၄၀ ကျော် ရှိနေပြီး ထိုအထဲ အယောက် ၄၀ မှာ အထက်တန်းအဆင့်ဖြစ်သောကြောင့် ဇူလိုင် ၂၁ ရက်နေ့က စပြီး ကျောင်းတက်နေရပြီဖြစ်သည်။

ညောင်တောစစ်ရှောင်စခန်းသည် ယခင်က နမ္မတီး-လမ်းခွ ကတ်သစ်လစ်ဘုရားကျောင်းဝင်းနှင့် မြို့ဦးရပ်ကွက်တွင်ခိုလှုံနေသော စစ်ရှောင်စခန်း ၂ ခုဖြစ်ပြီး Covid-19 ကပ်ရောဂါနှင့် နေရာအကျပ်အတည်းကြောင့် ပြီးခဲ့သည့် ဧပြီလဆန်းတွင် ညောင်တောကျေးရွာသို့ ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၈ ဧပြီလအတွင်း ကချင်လွပ်လပ်ရေးတပ်မတော် KIA ၏ တပ်ရင်း ၁၁ တည်နေရာ ကဆုန့်ဒေသတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာသောကြောင့် အဆိုပါနယ်မြေရှိဒေသခံများသည် နမ္မတီး-လမ်းခွ ဘာသာရေးကျောင်းများတွင် စတင်ထွက်ပြေးခိုလှုံခဲ့ခြင်း ဖြစ်သည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...