စည်ပင်ဝန်ကြီး တာဝန်ထမ်းဆောင်ပြီးနောက် အဓိက စိန်ခေါ်မှုတွင် ဟားခါးမြို့ရေးပေးဝေရေး ပါဝင်ဟုဆို

စည်ပင်ဝန်ကြီး တာဝန်ထမ်းဆောင်ပြီးနောက် အဓိက စိန်ခေါ်မှုတွင် ဟားခါးမြို့ရေးပေးဝေရေး ပါဝင်ဟုဆို

ချင်းပြည်နယ် စည်ပင်ဝန်ကြီးအနေဖြင့် တာဝန်ထမ်းဆောင်ပြီးနောက် ယခုထိ လက်စ မသတ်နိုင်သေးသည့် ဟားခါးမြို့ရှိရေပေးဝေရေး သီးမြစ်စီမံကိန်းသည် အဓိက စိန်ခေါ်မှုတွင် ပါဝင်ကြောင်းစည်ပင်ဝန်ကြီး ဦးစိုးထက်မှ Chin World Media နှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်ဝန်ကြီး ဖြစ်ပြီးတော့ ရောက်ရောက်ခြင်းမှာ စိန်ခေါ်မှုတွေ အများကြီးဖြစ်တယ်၊ ရှေ့ကဝန်ကြီး ဦး အိုင်ဇက်ခင် နားတဲ့အပိုင်းမှာ ကျွန်တော်တို့ ကဝင်လာတယ်၊ ဝင်လာတော့စည်ပင်နဲ့ လျှပ်စစ်ဆိုင်တဲ့ လုပ်ငန်းတွေ မပြီးပဲနဲ့ ပြည်သူနဲ့ ကုမ္ပဏီတွေနဲ့ ရှင်းလင်းရတဲ့ဟာတွေ အများရှိတယ်၊ အဓိက ဟားခါးမှာဆို ဟားခါးရေပေးရေး အခုချိန်ထိ လက်စမသတ်နိုင်သေးဘူး” ဟုစည်ပင်ဝန်ကြီး ဦးစိုးထက်မှ ဆိုသည်။

သီးမြစ်စီမံကိန်းတွင်ဟားခါးမြို့ရေပေးဝေရေး သည် ယခုချိန်ထိ အပြီးအစီး ဆောင်ရွက်နိုင်ခြင်းမရှိသေးပဲ လက်ရှိချိန်ထိ ကုန်ကျစရိုက် ၁၄ဘီလီယံ ခန့်ရှိနေပြီဖြစ်သည်။ ဟားခါးမြို့တွင် ရေပေးဝယ်ရေးလုပ်ငန်းအတွက် Group -၁၂ ခု ရှိပြီး ၈ခု ပြီးစီးနေပြီဖြစ်သည်။

ဝန်ကြီးအနေဖြင့် "ကျွန်တော်တို့ အပြီးသတ်မလုပ်နိုင်သေးဘူး၊ ဒါပမယ့် ကုမ္ပဏီတွေလုပ်တာ အဆင်မပြေလို့ ကျွန်တော်တို့က အခု စည်ပင်ကနေတာဝန်ယူပြီးတော့ ကျွန်တော်တို့ ဦးဆောင်ပြီးတော့ လုပ်နေတယ်၊ ဆိုတော့ ဟားခါးမြို့မှာ ရေပေးရေးလုပ်ငန်း Group-၁၂ ခုလောက် ရှိတယ်၊ မိုင်နဲ့ဆို ၃၉မိုင် ရဖာလုံရှိတယ်၊ မိုင် ၄၀ ပဲ ၊ဟားခါးမြို့ထဲမှ အခု ပိုက်လိုင်းတွဲဆွဲနေတဲ့မိုင် ၄၀ လောက်ရှိတယ်” ဟု ဆိုသည်။

ယင်း သီမြစ်စီမံကိန်းသည် KMLD ကုမ္ပဏီ နှင့် မိုးကုတ်ရွှေရည် တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး

Design ကောင်းကောင်း မလုပ်ထားမှုနှင့် Survey ကောင်းကောင်းမလုပ်ခြင်းကြောင့် သတ်မှတ်ထားသည့်အချိန်တွင် မပြီးစီးနိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် စည်ပင်မှ ပြန်လည်တာဝန်ယူ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းလည်းသိရသည်။

ယခုတွင် သီမြစ်စီမံကိန်း ဆောင်ရွက်မှုသည် ၅နှစ်တာကာလရောက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...