အစိုးရသက်တမ်းအတွင်း ဘတ်ဂျတ်ခွဲဝေမှုပိုင်းတွင် ချင်းပြည်နယ်အစိုးရနေဖြင့် အားမရဟုဆို

အစိုးရသက်တမ်းအတွင်း ဘတ်ဂျတ်ခွဲဝေမှုပိုင်းတွင် ချင်းပြည်နယ်အစိုးရနေဖြင့် အားမရဟုဆို

ချင်းပြည်နယ် အစိုးရအနေဖြင့် အစိုးရသက်တမ်း ငါးနှစ်အတွင်း တစ်မြို့နယ်နှင့် တစ်မြို့နယ် ဘတ်ဂျက်ခွဲဝေမှုပိုင်းတွင် အားမရသည့် အပိုင်းများ ရှိကြောင်း ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျတော်အနေနဲ့ဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ဘဲ ဖြစ်ဖြစ် ချင်းပြည်နယ်အစိုးရကို အားမရတဲ့ဟာတွေရှိတယ် ဘက်ဂျက်ခွဲဝေတဲ့ ဥစ္စာ မညီမျှဘူးလို့ပြောတာတွေလည်း ရှိတာပေါ့၊ ကျွန်တော်ကတော့ မီဒီယာမှာ မကြာမကြာ ဖြေတယ်၊ ဘာလို့လဲဆိုတော့ မြို့တစ်မြို့ရဲ့လူဦးရေ အချိုးမတူဘူး၊ နောက်တစ်ခုကတော့ လမ်းပမ်းဆက်သွယ်ရေးအခြေနေမတူဘူး၊ နောက်တစ်ခါ နိုင်ငံတော်က ချပေးတဲ့ စီမံကိန်းကြီးတွေ ဒီမှာဆို ကောလိပ်လုပ်နေတယ်၊ နောက်တစ်ခါအားကစားသိပ္ပံတွေ လုပ််တယ်၊ အဲဒီအပေါ်မှာ ဘက်ဂျက်ခွဲဝေတဲ့ဟာက မတူနိုင်ဘူးပေါ့”ဟု ပြောသည်။

ချင်းပြည်နယ် အစိုးရအနေဖြင့် စီမံကိန်း ချမှတ်လုပ်ဆောင်ရာတွင် အပြောနှင့် အလုပ် ကိုက်ညီမှု မရှိကြောင်း မတူပီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းကပြောသည်။

မတူပီပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လျန်းက “စီမံကိန်းတွေက လူဦးရေအချိုးကျနဲ့တော့ မဆိုင်ဘူး လူဦးရေအချိုးကျနဲ့ သွားရင် ပလက်ဝက ရမှာပေါ့။ ချင်းပြည်နယ်မှာ ပလက်ဝက လူဦးရေအများဆုံးမြို့ဖြစ်တယ် ပလက်ဝ၊ တီးတိန်၊ မတူပီရယ် ဟားခါး လေးမြို့ဘဲ အဓိကရမှာပေါ့ အခုက သူတို့ပြောတာနဲ့ မကိုက်ညီဘူး”ဟု ပြောသည်။

ချင်းပြည်နယ် အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပက်သက်ပြီး ဒေသခံများ၊ လွှတ်တော်များမှ ထောက်ပြမှုများကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “တော်တော်များများက ဝေဖန်တာတွေ လုပ်တာရှိတယ် ဒေသခံတစ်ချို့က ဖွံ့ဖြိုးရေးလုပ်ငန်းကို အလေးထား လုပ်တဲ့သူတွေကလည်း ဝေဖန်တာတွေရှိတယ်၊ ကျွန်တော်တို့ အနေနဲ့လည်း အချိုးမညီတဲ့ အပေါ်မှာတော့ မဖြစ်သင့်ဘူးပေါ့၊ အားလုံးညီတူညီမျှပေါ့ အဲလိုတော့ တည်ဆောက်ဖို့ ကြိုးစားနေကြတယ်၊ ကြိုးစားတဲ့အတိုင်းလည်း မဖြစ်တာတွေ ရှိတယ်၊ ဒေသက ထောက်ပြတဲ့ဟာတွေ လွှတ်တော်က ထောက်ပြတဲ့ဟာတွေ အတက်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက်နေတယ်”ဟုပြောသည်။

ချင်းပြည်နယ်အစိုးရမှာ ဘတ်ဂျက်ခွဲဝေမှု ဖြစ်စေ စီမံကိန်းလုပ်ဆောင်ရာတွင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပြမှုကို ဆောင်ရွက်ပေးသည်ဟု ပြောသော်လည်း လက်တွေ့တွင် စာရွက်နှင့် ကိန်းဂဏန်း လွဲနေကြောင်း မတူပီလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းကပြောသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...