အမ်းမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီအဆောင်များဆောက်ပေးရန် အရေးတကြီးလိုအပ်နေ

အမ်းမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီအဆောင်များဆောက်ပေးရန် အရေးတကြီးလိုအပ်နေ

ခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်အုပ်စုအတွင်းထောင်နဲ့ချီသော ဒေသခံပြည်သူများသည် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ တပ်မတော်မှ လမ်းကြောင်းပိတ်စို့ကာ ရိက္ခာပြတ်လပ်မှုတို့ကြောင့် အမ်းမြို့ပေါ်သို့ ထပ်မံရောက်ရှိလာကြပြီး နေထိုင်စရာအခက်အခဲ ကြုံတွေ့နေကြရသည်ဟု သိရသည်။

ဒါးလက်အုပ်စုအတွင်းကျေးရွာ (၂၁) ရွာမှ ဒေသခံပြည်သူ (၂၀၀၀) ကျော်သည် ပြီးခဲ့သည့်ဇွန်လ ကုန်ပိုင်းကစ၍ အမ်းမြို့နယ်သို့ထွက်ပြေးတိမ်းရှောင်လာကြရာ ယင်းတို့အနက် လူဦးရေတစ်ထောင်ခန့်သည် အမ်းမြို့ပေါ် ရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင် ရောက်ရှိကြပြီး ကျန်စစ်ဘေးရှောင်ပြည်သူများမှာ နီးစပ်ရာဆွေမျိူးအသိုင်း အဝန်းထံသို့ ခိုလုံနေကြရသည်ဟု ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR) ဥက္ကဌ ဆလိုင်းထွန်း လှကျော်ကပြောသည်။

“သူတို့ကဇွန်လ(၂၈)ရက်နေ့ကတည်းကစပြီးတော့အမ်းမြို့ကိုပြောင်းလာကြတယ်၊ အဓိကတော့ အဲဒီဒေသမှာ နယ်မြေမငြိမ်းချမ်းတာကတစ်ကြောင်း၊ စားနပ်ရိက္ခာပြတ်လပ်နေတာကတစ်ကြောင်းပေါ့။ ဒါကြောင့် အမ်းမြို့ကိုပြောင်းလာကြတယ် လူပေါင်းက ၂၀၀၀ ကျော်ပါတယ်၊ လူဦးရေတစ်ထောင်လောက်ကပဲ အမ်းမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၂ ခုကိုရောက်သွားကြတယ် ကျန်တဲ့သူတွေကတော့ အမ်းမြို့ပေါ်မှာပဲ အိမ်ငှါးပြီးနေကြတယ်၊ ဆွေမျိူးတွေဆီမှာကပ်ပြီးတော့နေနေကြတယ်’’ ဟု ဆလိုင်းထွန်းလှကျော်ကပြောသည်။

အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း အမှတ် (၁) နှင့် အမှတ် (၂) ဟူ၍ စခန်းနှစ်ခုရှိပြီး ယခုနောက်ထပ်ရောက်ရှိ လာကြသည့် စစ်ဘေးရှောင်တစ်ထောင် ကျော်အတွက် နေစရာအဆောင်မရှိတော့သည့်အတွက် အမ်းမြို့ရှိ မိုးလုံလေလုံခန်းမတွင် နေရာချထားပေးကြသည်ဟု ၎င်းကဆက်ပြောသည်။

“စခန်းထဲရောက်နေတဲ့လူဦးရေတစ်ထောင်ကျော်တောင်မှ နေစရာမရှိဖြစ်နေသေးတယ်၊ အလှူရှင်တွေဆီကနေရတဲ့ ရန်ပုံငွေနဲ့ သူတို့အဆောင်တွေဆောက်နေတာရှိတယ် ၁၂၀ တော့ပြီးသွားပြီး အဲဒီ ၁၂၀ မှာ အရင်တုန်းကရောက်တဲ့ စစ်ဘေးရှောင်တွေကို အကုန်းလုံးနေရာချပေးထားတယ်၊ အခုလည်း နောက်ထပ် အလုံး ၈၀ ဆောက်နေတယ် အဲဒီဟာနဲ့လည်းမလုံလောက်သေးဘူး နောက်ထပ် ၁၀၀ လောက် အရေးတကြီးလိုအပ်နေသေးတယ် အခုကမိုးရာသီလည်းရောက်လာပြီး အခုမိုးလုံလေလုံအားကစားခန်းမထဲမှာ စစ်ဘေးရှောင်တွေက ပြွတ်သိပ်ပြီးတော့နေနေရတော့ အမျိူးသမီးတွေရဲ့လုံခြုံးရေပေါ့အထူးသဖြင့်’’ ဟု ဆလိုင်းထွန်းလှကျော်ကပြောသည်။

အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ ဦးရေ (၅၀၀၀) ကျော်ခန့်ရှိသည်ဟုသိရပြီး စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၁၅၀၀) ခန့်နေထိုင်ကြပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စခန်းပြင်ပတွင်နေထိုင်သူ (၄၀၀၀) ခန့်ရှိသည်ဟု သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...